By BBC / 2021 September 9
၂၀၂၁ စက်တင်ဘာ ၉ ရက် ဒီကနေ့ဟာ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ မီးရှူးတန်ဆောင်လို့တင်စားကြရတဲ့ ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူတဲ့ ၈၂ နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။
စက်တင်ဘာ ၉ ရက်နေ့ရောက်တိုင်း ဆရာတော်ဦးဥတ္တမကို ဂါရဝပြုတဲ့အနေနဲ့ ရခိုင်ပြည်နယ်က မြို့နယ်အသီးသီးမှာ အောက်မေ့ဖွယ်အခမ်းအနားတွေကျင်းပပြီး ဆရာတော်ရုပ်တုတွေရှိရာကို သွားရောက်ပန်းခွေချတာတွေကို စည်စည်ကားကားပြုလုပ်လေ့ ရှိကြပါတယ်။
အခုနှစ်မှာတော့ ကိုဗစ် ၁၉ ရောဂါကြောင့် ရပ်ကွက်ကျေးရွာအလိုက် လူစုလူဝေးနဲ့ အသင်းအဖွဲ့တွေက ပန်းခွေချ ဂါရဝပြုတာတွေနည်းပါးပြီး တသီးပုဂ္ဂလအနေနဲ့ လာရောက်ကန်တော့ကြတာတွေကိုသာ တွေ့မြင်ရပါတယ်။
ဆရာတော်ဟာ ဗြိတိသျှလက်အောက်က မြန်မာပြည်လွတ်လပ်ရေး ရရှိရေးအတွက် ဦးဆောင်ကြိုးပမ်းခဲ့တဲ့ ရဟန်းတစ်ပါးဖြစ်ကာ စစ်တွေဇာတိ ရခိုင် တိုင်းရင်းသားတစ်ဦးလည်းဖြစ်ပါတယ်။
https://www.facebook.com/BBCnewsBurmese/posts/4482356168486900