ULA/AA မှ ရခိုင်တွင် Stay at Home ကာလ တစ်ပတ်ထပ်တိုးထုတ်ပြန်

By Western News/ 2021 August 18

ရခိုင်တွင် ULA/AA မှ မြို့နယ်တိုင်း Stay at Home ကာလကို ဩဂုတ်လ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့ထိ တစ်ပတ်ထပ်တိုးသတ်မှတ်ကြောင်း ယနေ့ ဩဂုတ်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ရခိုင်တွင် ကိုဗစ်ပိုးကူးစက်ပျံ့နှံ့နှုန်းနှင့် ကူးစက်ခံရသူများသိသိသာသာကျဆင်းလာသည်ကိုတွေ့ရသော်လည်း လုံးဝရပ်တန့်သွားခြင်းမဟုတ်ဘဲ မြို့နယ်အများစုတွင် ကိုဗစ်ပိုးတွေ့ရှိသူများရှိနေသေးသည်ဟုထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းအပြင် ကိုဗစ်ပိုးကူးစက်ပျံ့နှံ့နှုန်းနှင့် ကူးစက်ခံရသူများသိသိသာသာကျဆင်းလာခြင်းမှာအာရက္ခပြည်သူ၊ ပြည်သားများ၏ အသွားအလာဆင်ခြင်ခြင်းနှင့် နေအိမ်အတွင်းနေထိုင်ခြင်း၏ အကျိုးရလဒ်များဖြစ်သည်ဟု ဖော်ပြသည်။

ဆက်လက်၍ ကိုဗစ်တတိယလှိုင်းသည် ဆက်ရှိနေဆဲဖြစ်ပြီး ကိုဗစ်ကူးစက်ခံရမှုအန္တရာယ် လုံးဝနီးပါးမရှိသည့် အခြေအနေကိုရောက်ရှိရန်Stay at Home ကို အနည်းဆုံး ၁ ပတ်ခန့်နေထိုင်ရန် လက်ရှိကိန်းဂဏန်းများက ညွှန်ပြနေကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ULA/AA ၏ ယခင် Stay at Home ကာလသတ်မှတ်ရက်ကို ပြည်သူများအနေဖြင့်လိုက်နာဆောင်ရွက်ကြသကဲ့သို့ ၎င်းတို့ဘက်မှလည်း စည်းကမ်းမလိုက်နာသူများကို ထုတ်ပြန်ချက်ပါအတိုင်းအရေးယူဆောင်ရွက်မှုများပြုလုပ် ခဲ့သည်။

ULA/AA မှ ရခိုင်ပြည်တစ်ဝန်း Stay at Home ကာလသတ်မှတ်ခြင်းမှာ ယခင် ဇူလိုင်လ ၂၀ ရက်နေ့မှ ဩဂုတ်လ ၄ ရက်နေ့ထိ တစ်ကြိမ် ဩဂုတ်လ ၄ ရက်နေ့ပါ ၁၈ ရက်နေ့ထိတစ်ကြိမ် ထုတ်ပြန်ခဲ့ပြီးဖြစ်ပြီး ယခုထုတ်ပြန်ခြင်းမှာ တတိယအကြိမ်မြောက် ဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/353192709820573

Leave a Reply

Your email address will not be published.