Stay at Home ကာလ ပယ်ဖျက်သော်လည်း မိမိတို့၏ အသိတရားဖြင့် သွားလာနေထိုင်ကြရန် ULA / AA ထုတ်ပြန်

By Western News/ 2021 August 26

ကိုဗစ်ကူးစက်ခံရမှုရပ်တန့်မသွားဘဲ ပိုးတွေ့လူနာသစ်များရှိနေဆဲဖြစ်သည့် ရခိုင်တွင် Stay at Home ကာလထပ်တိုး မသတ်မှတ်သော်လည်း မိမိတို့၏ အသိတရားဖြင့် တစ်ဦးချင်းဖြစ်စေ၊ ရပ်ရွာအလိုက်အစုအဖွဲ့ဖြင့်ဖြစ်စေ သတ်မှတ်သည့် ပုံစံမျိုးဖြစ်သော မလိုအပ်ဘဲ အပြင်သွားလာခြင်းမျိုးမဟုတ်သည့် ပုံစံမျိုးဖြင့်သာ သွားလာနေထိုင်ကြရန် ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် ULA /AA ကထုတ်ပြန်သည်။

ယင်းအပြင် နိုင်ငံအချို့တွင် ကိုဗစ်မျိုးရိုးဗီဇပုံစံပြောင်း မျိုးကွဲအသစ်များထပ်မံတွေ့ရှိနေရပြီး ကိုဗစ်စတုတ္ထလှိုင်းစတင်မည့် ရှေ့ပြေးအလားအလာများကိုပုံရိပ်များတွေ့မြင်နေရပြီး သတိပေါ့လျော့စွာ သွားလာနေထိုင်သူများအနေဖြင့် အချိန်မရွေးကူး စက်ခံရနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ရခိုင်တွင် ULA/AA မှ မြို့နယ်တိုင်း Stay at Home ကာလကို ဩဂုတ်လ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့ထိ တစ်ပတ်ထပ်တိုးသတ်မှတ်ကြောင်း ဩဂုတ်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

https://www.facebook.com/westernnewsagency/posts/357794692693708

Leave a Reply

Your email address will not be published.