By Western News/ 2021 August 27 ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ပလက်ဝမြို့၊ မြို့မရပ်ကွက်တွင်ရှိသည့် ရိုမန်ကက်သလစ်စစ်ဘေးရှောင်စခန်းနှင့် ဘောလုံးကွင်း စစ်ဘေးရှောင်စခန်းတို့တွင် ကိုဗစ်ပိုးကူးစက်လူနာများတွေ့ရှိသောကြောင့် စခန်းနှစ်ခုလုံးကို Lockdown ချထားလိုက်သည်ဟု စခန်းတာဝန်ခံများကပြောသည်။ မြို့နယ်ထွေအုပ်နှင့် ကျန်းမာရေးဝန်ထမ်းများက …
စားဝတ်နေရေးအခက်ကြုံနေသည့်မိသားစုများအတွက် စားနပ်ရိက္ခာထောက်ပံ့ရန်သွားသည့် မေတ္တာရှင်ပရဟိတအဖွဲ့ကို စစ်တပ်ကတားဆီး
By Narinjara/ 2021 August 27 ကိုဗစ်ကာလအတွင်း စားဝတ်နေရေးအခက်အခဲဖြစ်နေသည့် အမ်းမြို့နယ်၊ ဒါးလက်အုပ်စုမှ အိမ်ထောင်စု(၂၀၀)ကျော်အတွက် စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးရန်သွားသည့် မေတ္တာရှင်ပရဟိတအဖွဲ့ကို ယနေ့ သြဂုတ်လ ၂၇ ရက်နေ့တွင် အမ်းမြို့နယ်ရှိ ခမရ(၃၇၃)တပ်ရင်းစစ်ဆေးရေးဂိတ်မှ ဖြတ်သွားခွင့်မပြုကြောင်း …
ပလက်ဝရှိ ဘောလုံးကွင်းစစ်ဘေးရှောင်စခန်းတွင် ကိုဗစ်ပိုးတွေ့၍ စခန်းတစ်ခုလုံးကို Lock down ချ
By Narinjara/ 2021 August 27 သဥ္ဇာနွယ် ချင်းပြည်နယ်၊ ပလက်ဝမြို့ ဘောလုံးကွင်းရပ်ကွက်ရှိ စစ်ဘေးရှောင်စခန်းတွင် အမျိုးသမီးတစ်ဦးထံ၌ ကိုဗစ်ပိုးတွေ့၍ စခန်းတစ်ခုလုံးကို Lock down ချလိုက်ပြီဟု သတင်းရရှိသည်။ ကိုဗစ်ပိုးတွေ့သောအမျိုးသမီးမှာ ဒေါ်ပြည်အောင် (၄၅ …
ရခိုင်ပြည်သူတွေ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ AA တိုက်တွန်း
By RFA/ 2021 August 27 ရခိုင်ပြည်နယ်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုတွေ ရှိနေသေးတာကြောင့် ရခိုင်ပြည်သူတွေအနေနဲ့ အခွင့်အရေးရ ကာကွယ်ဆေးအမြန်ဆုံးထိုးကြဖို့ကို ရက္ခိုင့်တပ်တော် (AA) က သြဂုတ်လ ၂၆ ရက်နေ့ မနေ့က ထုတ်ပြန်ချက်ထုတ်ပြီး …
ရခိုင်ရှိ မွတ်ဆလင် IDP Camp များတွင် မနက်ဖြန် ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံမည်
By Western News/ 2021 August 27 ရခိုင်ပြည်နယ်ရှိ မွတ်ဆလင် IDP Camp များတွင်နေထိုင်သူများကို တရုတ်နိုင်ငံထုတ် Sinovac အမျိုးစား ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးသွားမည်ဟု ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ပြောသည်။ တရုတ်နိုင်ငံထုတ် Sinovac …
ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး နိုင်ငံတကာ ဆက်လက်ကြိုးပမ်းဖို့ ကုလအတွင်းရေးမှူးချုပ် သတိပေး
By VOA/ 2021 August 27 ရိုဟင်ဂျာ ဒုက္ခသည်အရေးဟာ မေ့မပစ်သင့်တဲ့ကိစ္စဖြစ်ပြီး နိုင်ငံတကာ အသိုင်းဝိုင်းအနေနဲ့ ရိုဟင်ဂျာတွေနဲ့အတူ တသားထည်း ဆက်လက်ရပ်တည်ပေးကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres က ပန်ကြားလိုက်ပါတယ်။ နိုင်ငံတကာအသိုင်းဝိုင်းက …
သက်ကယ်ပြင်မွတ်ဆလင်စခန်းအား မနက်ဖန်စတင်ကာ ကိုဗစ်ကာကွယ်ဆေးထိုးသွားမည်
By Development Media Group (DMG)/ August 27 ရခိုင်ပြည်နယ်အတွင်းရှိ ရခိုင်စစ်ဘေးရှောင်စခန်းများ၊ တိုက်ပွဲရှောင်ယာယီစခန်းများနှင့် မွတ်ဆလင်ဒုက္ခသည်စခန်း ၁၅ခုအား ကိုဗစ်ကာကွယ်ဆေး ထိုးသွားမည်ဖြစ်ကာ မနက်ဖန်သြဂုတ်လ ၂၈ ရက်နေ့တွင် စစ်တွေမြို့နယ် သက်ကယ်ပြင်မွတ်ဆလင်ဒုက္ခသည်စခန်းကို စတင်ထိုးသွားမည်ဖြစ်ကြောင်း …
လူမျိုးတုံး သတ်ဖြတ်မှုတွေ ရှောင်လွှဲနိုင်ခဲ့သင့်တယ်လို့ မစ္စ ယန်ဟီးလီ ပြော
By RFA/ 2021 August 27 ရဲခေါင်မြင့်မောင် (ဝါရှင်တန် ဒီစီ) သြဂုတ်လ ၂၅ ရက်က အွန်လိုင်းကနေ ပြုလုပ်ခဲ့တဲ့ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တဲ့ လေး နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားကို …
ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးမယ်လို့ စစ်ကောင်စီပြော
By RFA/ 2021 August 27 ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ ရိုဟင်ဂျာတွေအတွက်ပါ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးသွားမယ်လို့ စစ်ကောင်စီ ပြန်ကြားရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့ ဩဂုတ်လ ၂၇ ရက်နေ့ နေပြည်တော်က သတင်းစာ ရှင်းလင်းပွဲမှာ …
ရခိုင်တွင် သီးနှံစိုက်ပျိုးမှုများလျော့နည်းလာ၍ ပြည်မဖက်မှ သီးနှံများ ဝယ်ယူရောင်းချရမှုပိုများလာ
By Western News/ 2021 August 27 ရခိုင်ပြည်နယ်တွင် နှစ်ရှည်သီးနှံ၊ ရာသီပေါ်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုမှာ ယခင်ကထက်ပိုမိုနည်းပါးလာ၍ ပြည်မဖက်မှ ဝယ်ယူရောင်းချရသည့် သီးနှံအမျိုးစားများပိုမိုများပြားလာကြောင်း သစ်သီးအရောင်းဆိုင်များမှ ပြောသည်။ ပြည်တွင်းမှ ရာသီအလိုက်ပေါ်သည့် သီးနှံအချို့ကိုသာ များပြားစွာရရှိနိုင်ပြီး …