မာန်အောင်မှ တောင်ကုတ်သို့ အမြန်ရေယာဉ်စျေး တစ်ဦးလျှင် ငါးသောင်းကျပ်အထိရှိနေ

By Development Media Group (DMG)/ August 25 မာန်အောင်မြို့မှ တောင်ကုတ်မြို့သို့ ပြေးဆွဲနေသည့်အမြန်ရေယာဉ်စျေးမှာ လူတစ်ဦးလျှင် ငါးသောင်းကျပ်အထိရှိနေ၍ ယခင်ထက် ငါးဆကျော်မြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။ယခင်က အမြန်ရေယာဉ်စျေးမှာ လူတစ်ဦးလျှင် ၉၀၀၀ ကျပ်သာ …

ရခိုင်တွင် မြို့နယ်အလိုက်ပြေးဆွဲနေသည့် ကားဈေးနှုန်းများ တစ်ဝက်ခန့် ကျဆင်းသော်လည်း ပုံမှန်အ‌ခြေနေသို့ မရောက်သေး

By Western News/ 2021 August 25 ရခိုင်တွင် မြို့နယ်အလိုက် ပြေးဆွဲနေသည့် ခရီးသည်တင်ကားများ၏ ဈေးနှုန်းများ ယခင်ဈေးနှုန်းထက် တစ်ဝက်ခန့်လျော့ကျလာသော်လည်း ဈေးနှုန်းများမှာ ပုံမှန်အ‌ခြေနေသို့ မရောက်ရှိသေးကြောင်း ကားလိုင်းပြေးဆွဲနေ သူများကပြောသည်။ ကိုဗစ်တတိယလှိုင်းကာလတွင်း မြို့နယ်အလိုက်လိုင်းကားဈေးနှုန်းများမှာ …

စစ်တွေအခြေပြု ပြေးဆွဲနေသည့်ယာဉ်အချို့ ယာဉ်စီးခလျှော့ချ

By Narinjara/ 2021 August 25 မာန်ယုကျော် (ရွှေဝမြေ) ရခိုင်ပြည်နယ် စစ်တွေမြို့ကို အခြေပြုကာ ဒေသတွင်းပြေးဆွဲနေကြသည့် ယာဉ်အချို့သည် ယာဉ်စီးခများကိုလျှော့ချ၍ ပြေးဆွဲနေကြပြီဖြစ်ကြောင်း သိရသည်။ စစ်တွေမှ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးတို့ကို ပြေးဆွဲနေကြသည့် …

ရခိုင်တွင် ပရဟိတအလှူငွေများကို လိမ်လည်မှု ရက်ဆက်ဖြစ်ပွားခဲ့သဖြင့် သတိထားကြရန် ငွေလိမ်လည်ခံရသူများပြော

By Development Media Group (DMG)/ August 25 ရခိုင်ပြည်နယ်အတွင်းက ပရဟိတလုပ်ငန်းလုပ်ကိုင်နေသူများတွင် အလှူရှင်များထံမှ လှူဒါန်းထားသည့်အလှူငွေများကို လိမ်လည်ခံရသည့်ဖြစ်စဉ်များ ရက်ဆက်ဖြစ်ပွားခဲ့ကြောင်း လိမ်လည်ခံရသည့်ကာယကံရှင်များထံမှ သိရသည်။ သြဂုတ်လ ၂၁ ရက် နေ့လည် ၂ …

မောင်တောမြို့နယ်တွင် ငါးရှာသွားသည့် ဟိန္ဒူအမျိုးသား ၁ ဦး ရေမြုပ်သေဆုံး

By Narinjara/ 2021 August 25 မာန်ယုကျော် (ရွှေဝမြေ) ရခိုင်ပြည်နယ် မောင်တောမြို့နယ် ပန်းတောပြင်ကျေးရွာအနီးတွင် ငါးရှာသွားသည့်ဟိန္ဒူအမျိုးသား ၁ ဦး ရေမြုပ်သေဆုံးသွားကြောင်း သိရသည်။ ရေမြုပ်သေဆုံးသွားသူမှာ မောင်တောမြို့နယ် (၄)မိုင်ရပ်ကွက်မှ ဦးနီရောင်ဇော် (၅၅ …

ငပလီတွင် အမျိုးသားတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိ

By Narinjara/ 2021 August 25 သဥ္ဇာနွယ် ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီမြို့၊ မြပြင်ရပ်ကွက်တွင် အမျိုးသားတစ်ဦး ဓားဒဏ်ရာများဖြင့်သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ သေဆုံးသွားသောသူမှာ ဂွမြို့နယ် ကျိန္တလီမြို့မှ ကိုဇော်မင်းထွန်း (၂၄ နှစ်)ဖြစ်သည်။ သူ၏အလောင်းအား …

AA ၏ တရားစီရင်ရေးနှင့် ကိုဗစ်ထိန်းချုပ်ရေးကိစ္စတို့ကို အသိပေးရန် ကျောက်ဖြူမြို့မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို စစ်တပ်ခေါ်ယူသတိပေးခြင်းမှာ မဖြစ်သင့်ကြောင်း AA ပြော

By Development Media Group (DMG)/ August 25 ရက္ခိုင့်တပ်တော်(AA)ကပြုလုပ်သည့် တရားစီရင်ရေးကိစ္စများနှင့် ကိုဗစ်ထိန်းချုပ်ရေးစာများကပ်ပါက အသိပေးရန် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို စစ်တပ်မှ သြဂုတ်လ ၂၃ နေ့က ခေါ်ယူသတိပေးခြင်းမှာ လုံးဝမဖြစ်သင့်ကြောင်း …

ရခိုင်ဝန်ကြီးချုပ်ဟောင်းဦးညီပုအပါအဝင် ဝန်ကြီးဟောင်း ၅ ဦးကို ရမန်တစ်ပတ် ထပ်ယူ

By Narinjara/ 2021 August 25 မာန်ယုကျော် (ရွှေဝမြေ) အဂတိလိုက်စားမှုပုဒ်မဖြင့်အမှုဖွင့်ခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့် ဝန်ကြီးဟောင်း ၄ ဦးကို ယနေ့တွင် ရမန်တစ်ပတ်ထပ်ယူလိုက်သည်ဟု သိရသည်။ ရမန်တစ်ပတ်ထပ်ယူခံလိုက်ရသည့်ဝန်ကြီးဟောင်းများမှာ ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပု၊ ပြည်နယ်ဘဏ္ဍာ/အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၊ …