ရခိုင်တွင်ယခုရက်ပိုင်းအတွင်း ကိုဗစ်ကူးစက်မှုနှုန်းကျဆင်းလာသော်လည်း သေဆုံးမှုများနေ့စဉ် ရှိနေသေးသဖြင့် စည်းကမ်းလိုက်နာရန် လိုအပ်နေသေးဟုဆို

By Narinjara/ 2021 August 7 ချစ်အိလှိုင် ရခိုင်တွင် ယခုသြဂုတ်လအတွင်း ကိုဗစ်ကူးစက်မှုနှုန်း ကျဆင်းလာသော်လည်း သေဆုံးမှုများမှာ နေ့စဉ်ရှိနေသေးသဖြင့် စည်းကမ်းလိုက်နာမှုရှိရန် လိုအပ်နေသေးကြောင်း ကိုဗစ်-၁၉ စောင့်ကြည့် လေ့လာရေးအဖွဲ့နှင့် ကျန်းမာရေးဌာနတာဝန်ရှိသူများက ပြောဆိုလိုက်သည်။ ပြည်နယ် …

ရခိုင်လူငယ်/မောင်မယ်များ(ပရဟိတ)က ကိုဗစ်ကာလ စားဝတ်နေရေး ခက်ခဲနေသည့် အနှေးယာဉ်နှင့် ဘေးတွဲဆိုင်ကယ်သမားများကို ပစ္စည်း(၄)မျိုးထောက်ပံ့

By Narinjara/ 2021 August 7 သျှင်မင်းဇံ၊ သန္တာကျော်ဇော ကိုဗစ်တတိယလှိုင်းကာလအတွင်း စားဝတ်နေရေးအခက်အခဲဖြစ်နေကြသည့် စစ်တွေမြို့ပေါ်က အနှေးယာဉ် သမားများနှင့်ဘေးတွဲဆိုင်ကယ်သမားများကို ရခိုင်လူငယ်/မောင်မယ်များ (ပရဟိတ) အသင်းက ယနေ့ ညနေက စားသောက်ကုန်ပစ္စည်း ၄မျိုးကို ထောက်ပံ့ခဲ့ကြောင်း …

ရခိုင်က စစ်ရှောင်စခန်းများနှင့် IDP စခန်းများမှ အသက် (၆၅) နှစ်အထက်ရှိသူများကို ကိုဗစ်ကာကွယ်ဆေးထိုးပေးမည်ဟုဆို

By Development Media Group (DMG)/ August 7 ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်းများနှင့် IDP စခန်များမှ အသက် (၆၅)နှစ်အထက်ရှိသူများကို ကိုဗစ်ရောဂါကာကွယ်ဆေးထိုးပေးရန် ပြည်နယ်ကောင်စီက သြဂုတ်လ ၆ ရက်နေ့အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ …

ကိုဗစ်ကာလအတွင်း စစ်တွေမြို့မှသီလရှင်များ သီတင်းသုံးရန်နှင့် အခြားအသုံးစရိတ်များအတွက် အခက်အခဲဖြစ်နေ

By Development Media Group (DMG)/ August 7 လက်ရှိဖြစ်ပွားနေသော ကိုဗစ်တတိယလှိုင်းအတွင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် သီတင်းသုံးနေကြသည့် သီလရှင်များမှာ သီတင်းသုံးရန်နှင့် ကျန်းမာရေးအသုံးစရိတ်ကိစ္စများအတွက် အခက်အခဲဖြစ်နေကြကြောင်း စုံစမ်းသိရှိရသည်။ ကျောင်းတက်လမ်းရပ်ကွက်ရှိ ကျားရုပ်သီလရှင်စာသင်တိုက်မှ သီလရှင်များမှာ …

မာန်အောင်တွင် လျှပ်စစ်မီးမရ၍ ကိုယ်ထူကိုယ်ထတည်ဆောက်မည့် အောက်ဆီဂျင်ထုတ်စက်ရုံကို မီးစက်စနစ်ဖြင့် လည်ပတ်ရန်စီစဉ်ထား

By Development Media Group (DMG)/ August 7 ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် ကိုယ်ထူကိုယ်ထတည်ဆောက်မည့် အောက်ဆီဂျင်ထုတ်စက်ရုံကို လျှပ်စစ်မီးမရရှိသဖြင် မီးစက်စနစ်ဖြင့်လည်ပတ်ရန်စီစဉ်ထားကြောင်း စက်ရုံဖြစ်မြောက်ရေး ဆောင်ရွက်နေသူများထံမှ သိရသည်။ အစိုးရမှ မာန်အောင်မြို့နယ်ကို ဆိုလာစနစ်ဖြင့် မီးပေးထားခြင်းဖြစ်ပြီး …

ရခိုင်တွင် ကိုဗစ်ကြောင့်သေဆုံးသူ နေ့စဉ်တိုးနေသော်လည်း စည်းကမ်းလိုက်နာမှုပိုင်းတွင် အားနည်းနေဆဲဟုဆို

By Development Media Group (DMG)/ August 7 ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း သေဆုံးသူ နေ့စဉ်တိုးလာနေသေးသော်လည်း ပြည်သူအချို့မှာ ကိုဗစ်စည်းမျဉ်းစည်းကမ်းချက်များကို လိုက်နာမှုအားနည်းလာသည်ကို တွေ့ရသည်။ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ သြဂုတ်လ ၆ ရက်နေ့အထိစာရင်းအရ ရခိုင်တွင် …

ဂွမြို့ဘုန်းကြီးကျောင်းတစ်ခုအတွင်း အမည်မသိ လူသေအလောင်းတစ်လောင်းတွေ့ရှိ

By Narinjara/ 2021 August 7 ချစ်အိလှိုင် ရခိုင်ပြည်နယ်၊ ဂွမြို့၊ ရွာမရပ်ကွက်၊ ထန်းတောကွင်းဘုန်းကြီးကျောင်းဝန်းအတွင်း ကျောင်းဆောင်တစ်ခုတွင် ယနေ့ နံနက် ၇ နာရီခန့်က လူသေအလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ သေဆုံးနေသူမှာ အသက် ၄ဝ …

ရခိုင်တွင် အခြေခံစားသောက်ကုန်များကို ဈေးတင်မရောင်းချရန် ULA အသိပေး

By Development Media Group (DMG)/ August 7 ရခိုင်ပြည်နယ်အတွင်း ဈေးရောင်း၊ဈေးဝယ်ပြုလုပ်ရာ၌ အခြေခံစားသောက်ကုန်ပစ္စည်းများကို ဈေးတင်မရောင်းချရန် ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ယနေ့သြဂုတ်လ ၇ ရက်နေ့တွင် အသိပေး ထုတ်ပြန်ထားသည်။ “အခြေခံစားသောက်ကုန်ပစ္စည်းများအား အဆမတန်များပြားသော အမြတ်ဖြင့်ဈေးတင်ရောင်းချခြင်းမပြုရန်”ဟု …

စစ်တွေမြို့ လုံခြုံရေးတင်းကျပ်ပြီး နေရာအချို့တွင် စစ်တပ်နှင့်ရဲပူးပေါင်း အဖွဲ့က စစ်ဆေးမှုများရှိဟုဆို

By Narinjara/ 2021 August 7 ချစ်အိလှိုင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ညပိုင်းတွင် လုံခြုံရေးတင်းကျပ်မှုများရှိလာပြီး စစ်တပ်နှင့် ရဲပူးပေါင်းအဖွဲ့တို့က ဆိုင်ကယ်နှင့်သွားလာနေသည့် လမ်းသွား၊ လမ်းလာများကို ရပ်တန့်စစ်ဆေးမှုများ ရှိနေကြောင်း သတင်းရရှိသည်။ စစ်တွေမြို့ မင်းဂံရပ်ကွက်နှင့် …

စစ်တွေတွင် ဧည့်စာရင်းတိုင်ကြားရန် အသံချဲ့စက်ဖြင့်ကြေညာ

By Narinjara/ 2021 August 7 အောင်ဇံ ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် ဧည့်စာရင်းတိုင်ကြားရန် မြို့နယ်ထွေ/အုပ်က မြို့ပေါ် နေရာအနှံ့  တွင် ကားပေါ်အသံချဲ့စက်တင်ကာ လိုက်လံကြေညာနေကြောင်းသိရသည်။ စစ်တွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူး ဦးကျော်လွင်က ” ပြည်နယ်ကနေ …