By Narinjara/ 2021 August 2
အောင်ဇံ

ပင်လယ်ပြင်က သင်္ဘောသား ဇာတ်လမ်းများကို ရေးသားထင်ရှားခဲ့သည့် စာရေးဆရာကြီး အဏ္ဏဝါ စိုးမိုးသည် ယနေ့ သြဂုတ် ၂ရက် နံနက် ၈ နာရီက ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် (၉၆) ပါးရောဂါဖြင့် ကွယ်လွန် သွားကြောင်း သိရသည်။
ဆရာကြီး အဏ္ဏဝါစိုးမိုးသည် ရခိုင်ပြည်နယ် ၊ဂွ မြို့နယ်၊ကျိန္တလီရွာ ဇာတိဖြစ်ပြီး ကိုယ်တိုင်လည်း သင်္ဘောသားတစ်ဦးဖြစ်ကာ နိုင်ငံတကာတွင် သင်္ဘောတို့၏ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို ဝတ္ထုတိုများ၊ သရော်စာများ၊ ဘာသာပြန်စာအုပ်များ များစွာ ရေးသားခဲ့သည်။
ဆရာကြီး၏ လက်ရာများတွင် ” သတင်းစာအဟောင်းနှင့်မီးချောင်းအကျွမ်း (၁၉၈၀) သည် ပထမဆုံးလက်ရာဖြစ်ပြီး “အဏ္ဏဝါခရီးသည်၊ ပင်လယ်ပျော်ကြီး၊ သင်္ဘောသား၏ ဂန္ထဝင်ကလဲ့စား၊ သင်္ဘောသားလောက၏ မှုခင်းများ၊ အိုပယ်ကြီး၏ နောက်ဆုံးနေ့များ” စသည့် စာအုပ်များအပြင် သရော်စာများသည်လည်း ထင်ရှားခဲ့သည်။
ဆရာကြီးအဏ္ဏဝါစိုးမိုးသည် ကွယ်လွန် ချိန်တွင် အသက် ၈၁နှစ်ရှိပြီ ဖြစ်သည်။
https://burmese.narinjara.com/news/detail/6107b4611002ba04798cd6e9