By Western News/ 2021 August 14
ရခိုင်ပြည်နယ်တွင် ယခုပတ် သြဂုတ်လ ၈ ရက်နေ့မှ သြဂုတ်လ ၁၃ ရက်နေ့အတွင်း ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီး ဌာန၏ ထုတ်ပြန်ချက်စာရင်းအရ ကိုဗစ်ပိုးတွေ့လူနာနှင့် သေဆုံးမှု လျော့နည်းလာသည်ကို တွေ့ရသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကိုဗစ်ကြောင့် နေ့တိုင်းလိုလို သေဆုံးမှုမှာ လူဦးရေ ၁၀ မှ ၂၀ ကျော်အထိရှိခဲ့ပြီး ကိုဗစ် ပို့တွေ့လူနာမှာလည်း နေ့တိုင်းလိုလို ရာနှင့်ချီအထိရှိခဲ့သည်။
သို့သော်လည်း ရခိုင်ပြည်နယ် ကျန်းမာရေးဦး စီးဌာန၏ ထုတ်ပြန်ချက်စာရင်းအရ ယခုလ သြဂုတ်လ ၈ ရက်နေ့ ကမှစ၍ ကိုဗစ်ကြောင့် သေဆုံးမှုနှင့် ပိုးတွေ့လူနာမှာ လျော့နည်းလာသည်ကိုတွေ့ရသည်။
သြဂုတ်လ ၇ ရက်နေ့အထိ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၁၇ ဦးထိရှိခဲ့သော်လည်း သြဂုတ် ၈ ရက်နေ့မှ စ၍ သေဆုံးသူများမှာ ၃ ဦး၊ သြဂုတ် ၉ ရက်နေ့တွင် ၁၅ ဦး၊ သြဂုတ် ၁၀ ရက်နေ့တွင် ၉ ဦး၊ ၁၁ ရက်နေ့တွင် ၈ ဦး၊ ၁၂ ရက်နေ့တွင် ၆ ဦး နှင့် ယမန်နေ့ ၁၃ ရက်နေ့အထိ သေဆုံးသူ ၄ ဦးဖြင့် သေဆုံးမှုမှာ လျော့နည်းလာသည်ကိုတွေ့ ရသည်။
ယးပြင် ကိုဗစ်တွေ့ရှိမှုမှာလည်း ပြီးခဲ့သည့် ဇူလိုင်လထက် သိသိသာသာ လျော့နည်းလာသည်ကိုတွေ့ရသည်။ ဇူ လိုင်လ အတွင်းက ပိုးတွေ့လူနာမှာ ရာကျော်အထိရှိခဲ့သော်လည်း ယခုရက်ပိုင်းတွင် အနည်းဆုံး ၃၄ ဦးနှင့် အများဆုံး ၅၆ ဦးထိသာရှိသည်။
ရခိုင်ပြည်နယ်တွင် ယခုကိုဗစ် တတိယလှိုင်းတွင် ကိုဗစ်ရောဂါကြောင့် သေဆုံးမှုမှာ ပထမလှိုင်းနှင့် ဒုတိယလှိုင်း ထက်သေဆုံးမှုထက် များစွာမြင့်တက်နေသည်။ ပထမလှိုင်းနှင့် ဒုတိယလှိုင်းက ၇ လအတွင်း သေဆုံးသူ ၃၇ ဦး သာရှိ ခဲ့သည်။ ယခုတိယလှိုင်းတွင်မူ ၃လအတွင်းမှာပင် သေဆုံးသူ ၃၀၀ ကျော်သွားခဲ့ပြီဖြစ်သည်။
ရောဂါပိုး ကူးစက်ခံရမှုနှင့်သေဆုံးနှုန်းမြင့်တက်သဖြင့် ကျန်းမာရေးဦးစီးဌာနမှလည်း ကိုဗစ်စည်းကမ်းများဖြင့် နေထိုင်ကြရန် အသိပေးနှိုးဆော်မှုများနေ့စဉ်ပြုလုပ်နေသည်။
ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်မှလည်း ကိုဗစ်ရောဂါဆက်လက်မပြန့်ပွားစေရေးအတွက် ရခိုင်တစ်ပြည် နယ်လုံးကို Stay at home ကာအဖြစ် သြဂုတ်လ ၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ ထပ်တိုးထုတ်ပြန်ထားသည်။ ပြည်နယ်စစ်ကောင်စီကလည်း ကိုဗစ်စည်းကမ်းမလိုက်နာသူများကို အရေးယူဆောင်ရွက်မှုများလုပ်ဆောင်နေ သည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုးစတင်သည့် မေလ ၁၂ ရက်နေ့မှ သြဂုတ်လ ၁၃ ရက်နေ့အထိ ကိုဗစ်ကြောင့် သေဆုံးသူဦးရေ ၃၂၇ ဦးနှင့် ကိုဗစ်အတည်ပြုလူနာ ၃၄၈၅ ဦး ထိရှိသွားပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနကထုတ်ပြန်သည်။
https://www.facebook.com/westernnewsagency/posts/349997393473438