ရခိုင်တွင်တစ်ရက်တည်းအတွင်း ကိုဗစ်ဖြင့် ဆရာတော် ၂ပါး ထပ်မံပျံလွန်

By Narinjara/ 2021 August 6

သဥ္ဇာနွယ်

ရခိုင်ပြည်နယ်တွင် တစ်ရက်တည်းအတွင်း ကိုဗစ်ကူးစက်ပြီး ဘုန်းတော်ကြီးနှစ်ပါး ထပ်မံ ပျံလွန်တော် မူသွားခဲ့ကြောင်း သတင်းရရှိသည်။

ပျံလွန်တော်မူသွားခဲ့သော ဘုန်းတော်ကြီးနှစ်ပါးမှာ ရသေ့တောင်မြို့နယ်၊ လိပ်ထောင့်ကျေးရွာ ဆရာတော်ဦးဗောဓိက (သက်တော် ၆၁ နှစ်) နှင့် ရမ်းဗြဲမြို့နယ်၊ အမှတ် (၃)ရပ်ကွက်၊ တန်းနားပြင်ဘုန်းတော်ကြီးကျောင်းဆရာတော် ဦးဝိသုတ္တ (သက်တော် (၇၉) နှစ်) တို့ ဖြစ်ကြသည်။

“ရသေ့တောင် လိပ်ထောင့်ကျေးရွာဆရာတော်က ဒီ ၈ လပိုင်း ၁ရက်နေ့က ကူတောင်တိုက်နယ် ဆေးရုံကို တက်ပြီး မနေ့က ဩဂုတ် ၅ရက်နေ့ နေ့ခင်းက ပျံသွားတာပါ။ ကိုဗစ်နဲ့ပါ။ ဆီးချိုရောဂါ အခံရှိပါတယ်” ဟု  ရသေ့တောင်ဆေးရုံက ဆရာမဒေါ်ခင်ထွန်းရွှေက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ရမ်းဗြဲ မြို့၊ တန်းနားပြင်ဘုန်းတော်ကြီးကျောင်းဆရာတော်မှာ ယမန့်နေ့ နံနက်ပိုင်းက ပျံလွန်တော်မူကြောင်းသိရှိရသည်။”ဆရာတော်က မနေ့ကညနေက ဆေးရုံရောက်တာ ဖျားနေတာ၂ရက်ရှိပြီ ဒီနေ့ မနက်ပိုင်းက အောက်စီဂျင် ကျပြီး ပျံလွန်တော်မူသွားတယ်။ ပျံလွန်သွားပြီးမှ ကိုဗစ် ပိုးတွေ့တာပါ၊ဆရာတော်က တစ်ပါးထဲ သီတင်းသုံးနေတာပါ”ဟု ရမ်းဗြဲ ဆေးရုံက ဆရာမဒေါ်ခငျဌေးဌေးဝငျးက နိရဉ်စရာသို့ အတညျပွုပွောသညျ။

(ဆရာတော်နှစ်ပါး၏ ဝါတော်အား သိရှိသူမရှိသဖြင့် သတင်းတွင် မဖော်ပြနိုင်ခြင်း မရှိပါ။)

ရခိုင်ပြည်နယ်တွင် ကိုဗစ်ဖြင့် ဆရာတော်တချို့ ပျံလွန်တော်မူနေရာ ဇူလိုင် ၃၁ ရက်နေ့က သက်တော် ၄၃ နှစ်၊ ဝါတော် (၂၅) ဝါသာရှိသေးသည့် ကျောက်တော်မြို့နယ်၊ စပါးဆိပ်ကျောင်းဆရာတော်၊   ဇူလိုင် ၂၂ ရက်နေ့က ကျောက်ဖြူ ပရဟိတကျောင်းဆရာတော်ကြီး ဦးကောဏ္ဍည ၊ ဇူလိုင် ၂၁ ရက်နေ့က စစ်တွေမြို့ ဘောက်သီးစုရပ်ကွက်ရှိ အာစာရမဏ္ဍိုင်(မောင်တောဆားပြင်) ကျောင်းတိုက်ဆရာတော် ဦးအာစရ၊ ဇူလိုင် ၁၉ ရက်နေ့က စစ်တွေဆေးရုံကြီးတွင် စစ်တွေမြို့နယ် ဝါဘိုကျေးရွာဆရာတော် အပါအဝင် နောက်ထပ်ရဟန်းတော် တစ်ပါးတို့ ပျံလွန်တော်မူသွားခဲ့ကြောင်း သိရှိရသည်။

https://www.facebook.com/narinjara.info/posts/4562458713766170

Leave a Reply

Your email address will not be published.