By Narinjara/ 2021 August 23
ရခိုင်တစ်ပြည်နယ်လုံးတွင် ကိုဗစ်ပိုးတွေ့ရှိမှု တစထက်တစ လျော့နည်းလာနေရာ ယမန်နေ့ (ဩဂုတ် ၂၂ ရက်) တွင် ကိုဗစ်အတည်ပြုလူနာ ၁၃ ဦးနှင့် သေဆုံးသူ ၁ ဦးသာရှိကြောင်း ပြည်နယ်အစိုးရ ထုတ်ပြန်ချက် စာရင်းအရ သိရသည်။
ကိုဗစ်အတည်ပြုလူနာ ၁၃ ဦးတွင် ဘူးသီးတောင်တွင် ၁ ဦး၊ ကျောက်ဖြူ ၁ ဦး၊ မာန်အောင် ၁ ဦး၊ ရမ်းဗြဲ ၁ ဦး၊ အမ်း ၁ ဦး၊ ကျောက်တော် ၂ ဦးနှင့် ဂွ ၆ ဦးဖြစ်ကြသည်။
သေဆုံးသူ ၁ ဦးမှာ မာန်အောင်မြို့နယ်တွင်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်အတည်ပြုလူနာ ဒုတိယ အများဆုံးတွေ့ရှိခဲ့သည့် စစ်တွေမြို့တွင် ဩဂုတ် ၂၂ ရက်မှ တစ်ဦးတစ်ယောက်မှ ပိုးမတွေ့ရှိခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာ အများဆုံးတွေ့ရှိခဲ့သည့်မြို့နယ်မှာ ဂွဖြစ်ပြီး စုစုပေါင်း ၆၄၃ ဦး၊ ဒုတိယအများဆုံးမြို့နယ်မှာ စစ်တွေဖြစ်ပြီး ၅၈၈ ဦး၊ တတိယအများဆုံးတွေ့ရှိသည့် မြို့နယ်မှာ ကျောက်ဖြူဖြစ်ပြီး ၄၇၇ဦးနှင့် စတုတ္ထမှာ မောင်တောမြို့နယ်ဖြစ်ပြီး ၄၇၆ ဦးတွေ့ရှိခဲ့သည်။
ရခိုင်တစ်ပြည်နယ်လုံးတွင် စုစုပေါင်း ကိုဗစ်ပိုးတွေ့လူနာ ၃၈၂၃ ဦးရှိပြီး ဆေးရုံက ဆင်သွားသူမှာ ၃၁၂၄ ဦးရှိကာ ဆေးရုံတက်ရောက်ကုသနေရသူ အရေအတွက်မှာ လက်ရှိ ၃၃၇ ဦးသာရှိတော့ကြောင်း၊ ၎င်းပြင် သေဆုံးသူမှာ ၃၆၂ ဦး ရှိသည်ဟု ထုတ်ပြန်ချက်စာရင်းတွင် ဖော်ပြထားသည်။
https://www.facebook.com/narinjara.info/posts/4613827041962670