ရခိုင်ကမြို့နယ်လေးခုကို လာမည့်ရက်ပိုင်းအတွင်း ရွှေပြည်တန်အမြန်ရေယာဉ် စတင်ပြေးဆွဲမည်

By Development Media Group (DMG)/ August 21

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ အခြားမြို့နယ်များကို ပြေးဆွဲနေသည့် ရွှေပြည်တန်အမြန်ရေယာဉ်သည် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရန်အတွက် ပြီးခဲ့တဲ့ဇူလိုင်လ ၂၀ ရက်နေ့က ပြေးဆွဲမှုယာယီရပ်ဆိုင်းထားခဲ့ပြီး လက်ရှိတွင်ကိုဗစ်ကူးစက်မှုအခြေအနေလျော့ကျလာသည့်အတွက် ခရီးတိုလမ်းကြောင်းများကို သြဂုတ်လ ၂၄ ရက်နေ့မှစတင်ကာ ပြေးဆွဲသွားမည်ဖြစ်ကြောင်း ရွှေပြည်တန်အမြန်ရေယာဉ် တာဝန်ရှိသူထံမှသိရသည်။

ပြေးဆွဲသွားမည့်ခရီးစဉ်များမှာ စစ်တွေ-မြောက်ဦး၊ စစ်တွေ-မင်းပြား-မြေပုံ၊ စစ်တွေ-ပေါက်တော စသည့်မြို့နယ်များကို ပြေးဆွဲသွားမည်ဖြစ်ပြီး ခရီးသည်ဈေးနှုန်းများမှာလည်း မူလပုံမှန်ဈေးနှုန်းအတိုင်း ကောက်ခံသွားမည်ဖြစ်ကြောင်း ရွှေပြည်တန်မန်နေဂျာ ဦးစံမော်သိန်းက ပြောသည်။

“ကျနော်တို့ကတော့ လောလောဆယ်ဆယ် သင်္ဘောတွေကို စစ်ဆေးနေပါတယ်။ ပြီးရင်တော့ လာမယ့်အပတ်လောက်ဆိုရင် စတင်ပြေးဆွဲမှာဖြစ်ပါတယ်။ ပထမပြေးဆွဲသွားမှာကတော့ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပြီးရင်ဘူး သီးတောင်၊ ရသေ့တောင် ပြီးမှ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ကျောက်နီမော်၊ တောင်ကုတ်၊ မာန်အောင်စတဲ့ခရီးစဉ်တွေကို ပြေးဆွဲသွားမှာဖြစ်တယ်” ဟု ဦးစံမော်သိန်းကပြောသည်။

ရွှေပြည်တန်အမြန်ရေယာဉ်ပြေးဆွဲလျှက်ရှိသည့် ရေလမ်းကြောင်းမှာ စစ်တွေ-မြေပုံ-မင်းပြား၊ စစ်တွေ-ကျောက် ဖြူ- ကျောက်နီမော်-ရမ်းဗြဲ၊ စစ်တွေ-တောင်ကုတ်-မာန်အောင်၊ စစ်တွေ-ပေါက်တော၊ စစ်တွေ-မြောက်ဦး၊ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင်မြို့နယ်တို့ဖြစ်သည်။

“အမြန်ရေယာဉ်ပြေးလို့ရှိရင် ကိုဗစ်စည်းကမ်းချက်နဲ့အညီ အကုန်လုံး Mask တပ်ရမယ်။ လမ်းဆေးရမယ်။ အပူချိန်တိုင်းရမယ်။ ပြီးရင်ခုံခြားစနစ်နဲ့ ပြေးဆွဲမှာပေါ့။ တတ်နိုင်သမျှ နှစ်ခုံခြားရမလား ၊ သုံးခုံခြားရမလား ကိုဗစ်ကူး စက်မှုကို မူတည်ပြီး စီစဉ်ဆောင်ရွက်သွားမယ်ဖြစ်တယ်” ဟု ဦးစံမော်သိန်းက ပြောသည်။

အလားတူ စစ်တွေ-ပေါက်တောမြို့ကိုပြေးဆွဲနေသည့် ပေါက်တောတံခွန်အမြန်ရေယာဉ်မှာ အခြားအမြန်ရေ ယာဉ်များစတင်ပြေးဆွဲလျင် စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း ပေါက်တောတံခွန် အမြန်ရေယာဉ် ဥက္ကဋ္ဌ ဦးရွှေဘော်သူကပြောသည်။

“လိုင်းပေါ်မှာတော့ ရွှေပြည်တန်တို့ကတော့ ရှေ့အပတ်လောက်ဆိုရင်ထွက်မယ်လို့ လိုင်းပေါ်မှာတင်ထားတာကိုတွေ့ရှိတယ်။ ပေါက်တောတံခွန်အမြန်ယာဉ်ကတော့ စစ်တွေနဲ့ပေါက်တောမြို့နှစ်ခုသာပြေးဆွဲနေတာဖြစ်တယ်။ ဆိုတော့ဦးလေးပေါက်တောမှာ မြို့မိမြို့ဖလုပ်နေတော့ သူများမထွက်ခင် ကိုယ်တို့ကဦးပြီးတော့ ထွက်တာမကောင်းဘူး။ ဒါကြောင့်အခြားအမြန်ရေယာဉ်တွေထွက်မယ်ဆိုရင် ဦးလေးတို့ကနောက်ကလိုက်ပြီး ထွက်မဲ့အစီအစဉ်ရှိတယ်” ဟု ဦးရွှေဘော်သူက DMG ကိုပြောသည်။

စစ်တွေ-ရသေ့တောင်-ဘူးသီးတောင် ရေကြောင်းတစ်ခုတည်းပြေးဆွဲနေသည့် မလိခအမြန်ရေယာဉ်မှာကိုဗစ်ကြောင့် ဆက်လက်ပြီး ရပ်နားထားဦးမည်ဖြစ်ကြောင်း မလိခမန်နေဂျာ ကိုအောင်ကိုလင်းကပြောသည်။

ရခိုင်ပြည်အတွင်း စီးပွားရေးလုပ်ငန်းရှင်များ ပြေးဆွဲလျှက်ရှိနေသည့် ရေကြောင်းအမြန်ရေယာဉ်များမှာကိုဗစ် ထိန်းချုပ် ကာကွယ်ရန်အတွက် ယာယီရပ်ဆိုင်းခဲ့ကြပြီး လက်ရှိတွင်ခရီးစဉ်များအားလုံး ပြေးဆွဲဆိုလျှင်လည်း ပြေးဆွဲခွင့်ပြုသည်ဟု ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်က DMG ကို ပြောဆိုထားခြင်းများရှိသည်။

ရခိုင်ပြည်အတွင်း ပြေးဆွဲလျှက်ရှိသည့် ရေကြောင်းအမြန်ရေယာဉ်များမှာ ရွှေပြည်တန်၊ မလိခ၊ ပေါက်တောတံခွန်၊ အ ဉ္စနနဒီ၊ ရွှေလင်းယုန် စသည့် ရေယာဉ်များဖြစ်သည်။

https://www.facebook.com/dmgnewsagency/posts/2090287561123644

Leave a Reply

Your email address will not be published.