မြန်မာစစ်တပ် လှုပ်ရှားမှုကို အနီးကပ်စောင့်ကြည့်နေပြီး လိုအပ်သလို လုပ်ဆောင်သွားမည်ဟု AA ပြော

By Western News/ 2021 August 29

ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်ဖက်မှ မြို့နယ်အလိုက်လုံခြုံရေးတင်းကျပ်မှု၊ စစ်ဆေးမေးမြန်းမှုများနှင့် စစ်အင် အားတိုးချဲ့မှုများပြုလုပ်နေသည်ကို အနီးကပ်စောင့်ကြည့်နေပြီး လိုအပ်သလိုလုပ်ဆောင်သွားမည်ဟု AA ဖက်မှ ပြောသည်။

ရခိုင်တွင် ယခုဩဂုတ်လပိုင်းအတွင်း၌ စစ်တပ်ဘက်မှနေ၍ ဒေသဆိုင်ရာလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း ကာ မြို့အနှံ့လှည့်လည်ခြင်း၊ လမ်းသွားလမ်းလာများအားစစ်ဆေးမေးမြန်းခြင်းတို့ရှိခဲ့ပြီး တပ်အပြောင်းအရွေ့များ ပြုလုပ်ကာ ဒေသတွင်းအင်အားတိုးချဲ့မှု၊ စစ်ရေးလှုပ်ရှားမှုများလည်း ရှိလာသည်။

ဩဂုတလွ နောကဆွုံးပတတွှငွ ကှောကဖွှူမှို့နယွ သိုငွးခှောငွးနှငွ့ ဇိုငခွှောငွးကှေးရှာသို့ စဈတပမွှ ဝငရွောကလွာကာ ရှာ၏ ဘုနွးကှီးကှောငွးနှင့ွ စာသငကွှောငွးတို့တှငွ စခနွးခနှထေိုငမွှုမှားရှိခဲ့ကှောငွး ဒသခေံမှားကပှောဆိုထားသညွ။

ယင်းအပြင် ULA/AA ၏လှုပ်ရှားမှုများကိုသတင်းပေးတိုင်ကြားရန်လည်း ကျောက်ဖြူရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ဩဂုတ်လ ၂၃ ရက်နေ့က ကျောက်ဖြူအခြေစိုက် ခလရ ၃၄ တပ်ရင်းမှ တပ်နယ်မှူးက အစည်းဝေးခေါ်ယူပြီး ညွှန်ကြားမှုများရှိခဲ့သည်။

အဆိုပါကိစ္စများနှင့်ပတ်သတ်၍ မြန်မာစစ်တပ်လှုပ်ရှားမှုကို အနီးကပ်စောင့်ကြည့်နေပြီး လိုအပ်သလိုလုပ်ဆောင် သွားမည်ဟု ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က Western News ကိုဩဂုတ် ၂၉ ရက် ယနေ့ ပြောသည်။

“အခု မြန်မာစစ်တပ်ရဲ့လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး ULA/AA အနေနဲ့အနီးကပ်စောင့်ကြည့်နေတယ်။ စစ်ရေးအရလည်း သူတို့လှုပ်ရှားမှုတွေကို မျက်ခြေမပြတ်စောင့်ကြည့်နေတယ်။ ဘယ်ကိစ္စမဆို အခြေနေရဲ့လိုအပ်ချက်အရ လိုအပ်ရင်လိုအပ်သလို ဆက်လက်လုပ်ဆောင်သွားဖို့အဆင်သင့်ရှိတယ်” ဟုပြောသည်။

ယင်းအပြင် ဩဂုတ်လ ၂၂ ရက်နေ့တွင်လည်း စစ်တပ်ဘက်မှ စစ်တွေနှင့်ပေါက်တော ပင်လယ်ရေပြင်နယ်နိမိတ်တို့ အတွင်း ၃ ရက်ကြာ လက်နက်ကြီးစမ်းသပ်ပစ်ခပ်မှုများပြုလုပ်ရန်အတွက် ဒေသငါးဖမ်းလှေများအား ၎င်းအနီး တစ်ဝိုက်ငါးဖမ်းမထွက်ကြရန် သတိပေးထားမြစ်မှုများလည်းပြုလုပ်ခဲ့သည်။

ရခိုင်ပြည်အတွင်း ရက္ခိုင့်တပ်တော် AA နှင့် မြန်မာစစ်တပ်တို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုများငြိမ်သက်နေသည်မှာ ၁၀ လကျော်ခန့်ကြာမြင့်နေပြီဖြစ်ပြီး ၎င်းအချိန်များထဲမှ ယခုဩဂုတ်လပိုင်းအတွင်း၌ မြန်မာစစ်တပ် ဘက်မှ စစ်ရေးလှုပ်ရှားမှုများ စတင်တွေ့မြင်လာရခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကို ရခိုင်ပြည်အတွင်း မကျင်းပနိုင်ခဲ့မှုနှင့် ပတ်သက်၍ ကြားဖြတ်ရွေးကောက်ပွဲပြန်လည် ကျင်းပနိုင်ရန်အတွက် ULA/AA ဖက်မှ တစ်ဖက်သတ်အပစ်ခတ် ၁ လ ရပ်စဲကြောင်း ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။

အဆိုပါနေ့တွင်ပင် မြန်မာစစ်တပ်ဘက်မှလည်း ၎င်းထုတ်ပြန်ချက်အားကြိုဆိုကြောင်းနှင့် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်နိုင်ရန် ညှိနှိုင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့သည့် အချိန်မှစ၍ နှစ်ဖက်တိုက်ပွဲများရပ်တန့်သွားခြင်းဖြစ်သည်။

တိုက်ပွဲများရပ်တန့်နေေသာ်လည်း ယင်းကာလတွင်း အသုံးပြုခဲ့သည့် မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်များကြောင့် အနီးနားရှိဒေသခံများမှာ သေဆုံးခြင်း၊ ကိုယ်လက်အင်္ဂါချို့တဲ့သွားခြင်းနှင့် ပြင်းထန်ဒဏ်ရာရမှုများကို လက်ရှိ အချိန်ထိခံစားနေကြရဆဲဖြစ်သည်။

ထိုသို့ဖြစ်ပွားမှုများကြောင့် စစ်ရှောင်စခန်းမှနေရပ်မပြန်ရဲသည့်သူများလည်းရှိနေပြီး တောတောင်များအား မိုင်းရှင်း လင်းရေးလုပ်ပေးရန် ဒေသခံများမှတောင်းဆိုမှုများရှိခဲ့သော်လည်း စစ်တပ်ဘက်မှ အမ်း-စစ်တွေ ကားလမ်းမကြီး နှင့် ရသေ့တောင်အငူမော် ကာလမ်းမကြီးတစ်လျှောက်တွင်သာ မိုင်းရှင်းလင်းရေးကို လုပ်ဆောင်ပေးခဲ့သည်။

https://www.facebook.com/westernnewsagency/posts/359977439142100

Leave a Reply

Your email address will not be published.