ဖားကန့်မှ ရခိုင်သို့ ပြန်လာသည့်အမျိုးသားတစ်ဦး လမ်းတွင် ပျောက်ဆုံးနေ

By Narinjara/ 2021 August 27

သျှင်မင်းဇံ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဖြူစင်ကုန်းရွာတွင်အလုပ်လုပ်နေသည့်အမျိုးသားတစ်ဦးသည် ရခိုင်သို့ ပြန်လာစဉ် လမ်းတွင် ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

ပျောက်ဆုံးနေသည့်အမျိုးသားမှာ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ကျေးတောရွာမကျေးရွာနေ အသက် (၄၅ နှစ်)အရွယ် ဦးငလုံး (ခေါ်) ဦးထွန်းထွန်းနိုင်ဖြစ်သည်။

၎င်းသည် ပြီးခဲ့သည့်သြဂုတ်လ ၂၀ ရက်တွင် ရခိုင်သို့ ပြန်လာခဲ့ခြင်းဖြစ်ပြီး ပျောက်ဆုံးနေသည်မှာ တစ်ပတ်တိတိရှိနေသဖြင့် စိုးရိမ်ကြောင်း တူတော်စပ်သူ ကိုမောင်ထွီးက ပြောသည်။

“သူက ကချင်ကနေ ပြန်လာတာ မန္တလေးအထိပါလာတယ်။ မန္တလေးကနေ ရခိုင်လာတဲ့ ကားနဲ့လာလိုက်သေးတယ်။ ကားသမားတွေ ပြောတာက ကျောက်တော်မှာ ဆင်းကျန်ခဲ့တယ်လို့ ပြောပါတယ်။ ပုံမှန်ဆိုရင် ပြီးခဲ့တဲ့ တနဂ်နွေနေ့ရောက်ရမှာပေါ့။ အခု တစ်ပတ်လောက်ရှိပြီ။ သတင်းအစအန မရသေးလို့ စိုရိမ်တာပေါ့” ဟု နိရဥ္စရာသို့ ပြောသည်။

ပျောက်ဆုံးနေသူတွင် ကျောက်တော်၌ ဆွေမျိုးတော်စပ်သူများရှိသော်လည်း ၎င်းမှာ ဆွေမျိုးများထံသို့ ရောက်ရှိခြင်းမရှိကြောင်းတူတော်စပ်သူက ဆက်ပြောသည်။

ပျောက်ဆုံးနေသူသည် ဖားကန့်တွင် ကျောက်ရှာခြင်းအလုပ်ကို ၁၀ နှစ်ခန့်လုပ်နေခဲ့သူဖြစ်သည်။

https://www.facebook.com/narinjara.info/posts/4626719594006748

Leave a Reply

Your email address will not be published.