တောင်ကုတ်မြို့နယ်တွင် ကျေးရွာတာဝန်ခံတစ်ဦး ဖမ်းဆီးခေါ်ဆောင်ခံရ

By Narinjara/ 2021 August 4

ချစ်အိလှိုင်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ကြိုးကြာကွင်းကျေးရွာတွင် ယမန်နေ့  ည ၇ နာရီခန့်က ကျေးရွာတာဝန်ခံတစ်ဦးကို အမည်မသိလူတစ်စုမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူမှာ ကိုဇော်မင်းလှိုင်(၃၅)နှစ်ဖြစ်ကြောင်း ကြိုးကြာကွင်းကျေးရွာ အုပျခြုပျရေးမှူး ဦးဝငျးနိုငျကနိရဉ်စရာသတငျးဌာနအားပွောသညျ။

“ မနေ့က နေ့လယ်လောက်ကသူက ကျွန်တော်ကိုလာပြောပါတယ်။ ရွာထဲမှာ ကိုဗစ်ကာကွယ်ရေး လုပ်နေတဲ့ အမည်မသိလူတစ်စုကို ဘယ်သူ့ခွင့်ပြုချက်နဲ့ လုပ်တာလဲလို့သွားမေးတယ်လို့ပြောတယ်။ ငါက ကျေးရွာတာဝန်ခံ ငါမသိပဲဘာမှလုပ်လို့မရဘူးဆိုပြီးပေါ့။ သူကနည်းနည်းလည်းမူးနေတာပါ။ အဲဒါနဲ့ ညနေဖက်လူနှစ်ယောက်ကအိမ်ကလာခေါ်တယ်လို့သိရတယ် ”ဟုပြောသည်။

ယနေ့ နေ့လယ်ခန့်က အဆိုပါ ကြိုးကြားကွင်းကျေးရွာတွင်  အမျိုးသမီးနှစ်ဦးဖမ်းဆီးခံရကြောင်း ဖေ့စ်ဘုတ် လူမှုစာမျက်နှာပေါ်တွင် သတင်းများထွက်ပေါ်နေသည်နှင့် ပတ်သက်၍ ဆက်လက် မေးမြန်းရာ ၎င်းသတင်းမှာ မဟုတ်မှန်ကြောင်း ပြောဆိုသည်။

” မဟုတ်ပါဘူး။ ကျွန်တော်တို့ရွာမှာ ဘယ်အမျိုးသမီးမှ အဖမ်းမခံရပါဘူး။”

 ၄င်းအနေဖြင့် ကျေးရွာတာဝန်ခံမှာအပြောအဆိုမတတ်ပဲ အရက်သေစာ သောက်စား ထားသဖြင့် ယခုကဲ့သို့ ဖြစ်သွားခဲ့ရခြင်း ဖြစ်သဖြင့် ဖမ်းဆီးထားသည့် အဖွဲ့အစည်းကို နားလည်ပေးရန် တောင်းဆိုလိုကြောင်း ပြောသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူ၏ မိသားစုဝင်များမှာလည်း စိုးရိမ်လျက်ရှိကြောင်းသူကဆက်ပြောသည်။

တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့ ဒုရဲမှူး ဇော်လတ်က “ ကျွန်တော်တို့ကြားပါတယ်။ ခေါ်သွားတယ်လို့ပေါ့။ ဖမ်းတာလားဘာလား။ အတိအကျတော့မသိဘူးကျွန်တော်တို့။ဘယ်သူဖမ်းတာဘာညာမသိပါဘူး” ဟုပြောသည်။

https://www.facebook.com/narinjara.info/posts/4556648684347173

Leave a Reply

Your email address will not be published.