By Western News/ 2021 August 8
လျှပ်စစ်မီးတစ်ရက်လျှင် ၃ နာရီသာရရှိနေသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် သြဂုတ်လ ၆ ရက်နေ့ မှစတင်၍ တစ်ရက်ခြားစနစ်ဖြင့်သာ လျှစစ်မီးပေးနေရသည်ဟု မြို့နယ်လျှပ်စစ်ရုံးမှတာဝန်ရှိသူကပြောသည်။
ယခုလို တစ်ရက်ခြားစနစ်ဖြင့်ပေးရခြင်းမှာ ပလက်ဝတစ်မြို့လုံးကိုပေးနေသည့် ဒီဇယ်မီးစက် နှစ်လုံးမှာ စက်ပိုင်းဆိုင်ရာ မနိုင်မနင်းဖြစ်နေခြင်းကြောင်း ဖြစ်သည်ဟု ပလက်ဝမြို့နယ်ယာယီလျှပ်စစ်ရုံးမှူး ဦးကျော် ကျော်ဦးက Western News ကိုပြောသည်။
“လက်ရှိကတော့ တစ်ရက်ခြားစနစ်နဲ့ပေးရမှာပေါ့။ အရင်ကဆိုရင် လျှစ်စစ်က တစ်နေ့ကို ၃ နာရီရတယ်၊ အခုက ရက်ခြားစနစ်ပေးရေတာ့မှာ။ အဓိကစက်ပိုင်းဆိုင်ရာ မနိုင်နင်းလို့ပါ။ အင်ပီယာက ကျွန်တော်တို့ ၅၀၀ ပဲပေးနိုင်တာပါ။ အဲဒါကြောင့် ကျွန်တော်တို့က ရက်ခြားစနစ်နဲ့ပေးရတော့မှာပါ”ဟုပြောသည်။
ယခင်ကလျှပ်စစ်မီး တစ်နေ့လျှင် ၃ နာရီရရှိခဲ့သော်လည်း ယခုတစ်ရက်ခြားသာရရှိမည်ဆိုလျှင် ပြည်သူများမှာ အခက်အခဲဖြစ်သွားမည်ဖြစ်ကြောင်း ပလက်ဝမြို့ Raiki လူမှုရေးအဖွဲ့တာဝန်ခံ ဦးကျော်ရှိန်းက ပြောသည်။
“ကျွန်တော်တို့ ဆီမှာ လျှပ်စစ်မီးကညနေမှ ၃နာရီလောက်ရတာ။ အခုက လျှပ်စစ်မီး မရတာ့ဘူးဆိုတော့ အမှောင်ထဲမှာပါနေရတော့မယ်။ အခုက ကိုယ်အစီစဉ်နဲ့ ကိုယ်ဆိုလာ ပဲဝယ်သုံးရတော့မယ်။ လျှပ်စစ်မီး ကတော့ပုံမှန်လိုတာပေါ့။ တခြားမြို့တွေမှာ ၂၄ နာရီရနေတဲ့အထဲ ဒီမှက ၃နာရီသာရပြီး အခု၄၈ နာရီမှ ၃နာရီသာ ရတော့မည် ဆိုတော့ ပြည်သူတွေအတွက် ပိုပြီးဒုက္ခရောက်သွားတယ်”ဟုပြောသည်။
ချင်းပြည်နယ်တွင် မြို့နယ် ၉ မြို့နယ်ရှိသည့်အနက် ပလက်ဝ၊ တီးတိန်နှင့် တွန်းဇံမြို့တို့မှာ မဟာဓာတ်အားလှိုင်း ရရှိခြင်း မရှိသေးပါ။
https://www.facebook.com/westernnewsagency/posts/345973427209168