ဆေးလာထိုးသူများ၍ စစ်တွေ ကိုဗစ်ကာကွယ်ဆေးထိုးရာ၌ လူစုလူဝေးဖြစ်

By Narinjara/ 2021 August 8

သန္တာကျော်ဇော၊အောင်ဇံ

စစ်တွေမြို့ ၊ ဦးဥတ္တမခန်းမတွင် ယနေ့ ကိုဗစ်ကာကွယ်ဆေးထိုးရန် ရောက်ရှိ လာသူများပြားသဖြင့် လူစုလူဝေးဖြစ်ပေါ်ခဲ့သည်ဟု သတင်းရရှိသည်။

ကိုဗစ်ကာကွယ်ဆေးထိုးစုရပ်တွင် ဆေးလာထိုးသူများကို စနစ်တကျ စီစဥ်မှုမရှိ၍ လူစုလူဝေး ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသည့် ဆေးလာထိုးသူ တစ်ဦးက ပြောသည်။

ကိုဗစ်ကာကွယ်ဆေး ထိုးနှံခဲ့သူတစ်ဦးဖြစ်သည့် စစ်တွေမြို့ ၊ ရဲနွယ်စု ရပ်ကွက်မှ မချမ်းမြေ့ဝေ က ”ဆေးထိုးမယ်ပြောထားတာက မနက် ၉နာရီ။ လူတွေက တုံကင်နံပတ်ပေးမယ့်ဟာကို ၈နာရီ လောက်ကတည်းစောင့်နေပြီး တဖြည်းဖြည်း လူတွေများသွားတာပါ။သူတို့က တုံကင်နံပတ် ၁၅၀ ပဲထိုးပေးမယ်ဆိုတော့ တုံကင်နံပတ် မရသူတွေက ဝင်တောင်းကြပြီး ပွဲကျ သလို ဖြစ်သွားတယ်”ဟု နိရဉ္စရာသို့ ပြောသည်။

ယနေ့ သြဂုတ်လ ၈ရက်နေ့ မနက် ၉ နာရီက စစ်တွေမြို့ ဦးဥတ္တမပန်းခြံ ခန်းမတွင် လူပေါင်း ၁၅၀ ဦးကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခဲ့သည်ဟု သိရသည်။

ယနေ့ သြဂုတ်လ ၈ ရက်နေ့တွင် စစ်တွေမြို့၌ အထက (၂) ၊ အထက (၄) ၊ ခိုင်သဇင်ပန်းခြံ နှင့် ဦးဥတ္တမပန်းခြံများတွင် ကိုဗစ်ကာကွယ်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွက်ခွဲတမ်းရသည့် တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစား ကိုဗစ်ကာကွယ်ဆေး များကို လူဦးရေ တစ်သိန်းခန့်အတွက် ပြည်နယ်အစိုးရအစီအစဥ်ဖြင့် မြို့နယ်အလိုက် ထိုးနှံပေးလျက်ရှိသည်။

https://www.facebook.com/narinjara.info/posts/4568427473169294

Leave a Reply

Your email address will not be published.