ဆန်ပြဿနာနေ့ စစ်တွေမှာ ဆီမီးထွန်းပြီးဝမ်းနည်းကြောင်းထုတ်ဖော်

By Development Media Group (DMG)/ August 13

၁၉၆၇ ခုနှစ် စစ်တွေတွင် ဆန်ပြဿနာကြောင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေရာ၌ ဆီမီးထွန်းပြီး ဝမ်းနည်းအောင့်မေ့ဖွယ် အခမ်းအနားတစ်ခုအဖြစ် ပြည်သူများက ယနေ့ သြဂုတ် ၁၃ ရက်ညပိုင်းတွင် ပြုလုပ်ခဲ့ကြသည်။

ဆန်ပြဿနာနေ့သည် ၁၉၆၇ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး ယခုနှစ်ဆိုလျင် ၅၄ နှစ်ပြည့်ပြီဖြစ်ကာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ(မဆလ)အစိုးရ၏ ခေါင်းပုံဖြတ်မှုများကြောင့် ဆန်ပေါသည့် ရခိုင်ဒေသသည် ဆန်ရှားပါးခဲ့ရသည်။

ယင်းသို့ ရှားပါးမှုကြောင့် စစ်တွေ​​မြို့တွင် လူထုအုံကြွကာ ဆန်ရရှိရေးတောင်းဆိုကြရာမှ (မဆလ)အစိုးရ၏ ရက်စက်စွာ ပစ်ခတ်မှုကို စစ်တွေဒေသခံ ၃၀၀ ခံခဲ့ကြရသည်။

ယင်းဖြစ်စဉ်သည် နှစ်ပေါင်း ၅၄ နှစ်ရှိပြီဖြစ်သော်လည်း လူငယ်များအဖို့ သတိရစေရန်၊ ဆန်ရရှိရေးကြိုးပမ်းရင်း အသက်ပေးသွားသူများအား ဝမ်းနည်းအောင့်မေ့ဖွယ်အခမ်းအနားများနှင့်အတူယနေ့တိုင်လုပ်ဆောင်နေကြခြင်းဖြစ်သည်။

https://www.facebook.com/dmgnewsagency/posts/2084505411701859

Leave a Reply

Your email address will not be published.