By Irrawaddy/ 2021 August 3
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်တွင် ရပ်ကွက်အလိုက် ကိုဗစ်ကာကွယ်ဆေးများကို သြဂုတ်လ ၁ ရက်က စတင်ပြီး အသက် ၆၅ နှစ်အထက်ရှိသူများကို ဦးစားပေးကာ ဆေးထိုးပေးလျက် ရှိသည်။
မြန်မာနိုင်ငံသို့ ကိုဗစ် တတိယလှိုင်းအတွင်း ရောက်ရှိသည့် တရုတ်အစိုးရထုတ် ကိုဗစ်ကာကွယ်ဆေး ၃ သန်းတွင် ရခိုင်ပြည်နယ်အတွက် ကာကွယ်ဆေး ၉၀၀၀၀ ကျော် ရရှိထားသည့်အတွက် မြို့နယ်အလိုက် ခွဲဝေပြီး ထိုသို့ ဆေးထိုးပေးခြင်း ဖြစ်ကြောင်း ပြည်နယ်အစိုးရက ပြောဆိုထားသည်။
ကိုဗစ်ကာကွယ်ဆေးများ ထိုးရာတွင် ဆေးမထိုးရသေးသည့် ကျန်းမာရေး ဝန်ထမ်းများ၊ အသက် ၆၅ နှစ်အထက် လူကြီးပိုင်းများ၊ ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် စေတနာ့ ဝန်ထမ်းများနှင့် အကျဉ်းထောင်ထဲတွင်ရှိသည့် အချုပ်သား၊ အကျဉ်းသားများ စသဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဦးစားပေးအလိုက် ဆေးထိုးပေးခြင်း ဖြစ်ကြောင်း သိရသည်။
ကိုဗစ်တတိယလှိုင်းတွင် ရခိုင်ပြည်နယ်၌ မေလ ၂၅ ရက်မှနေ သြဂုတ်လ ၂ ရက်အထိ ပိုးကူးစက်သူပေါင်း ၃၀၀၀ နီးပါးနှင့် သေဆုံးသူ ၂၀၀ ကျော် ရှိလာပြီဖြစ်သည့် အတွက် ပြည်သူများကြား စိုးရိမ်မှု မြင့်တက်လျက်ရှိသည်။
https://www.facebook.com/theirrawaddyburmese/posts/4732617030115745