စစ်တွေမြို့တွင် ကြွေကစားသူ (ရခိုင်အခေါ် ပဆစ်ကစားသူ) ၁၂ ဦးကို ရဲနှင့် တပ်မတော်သားတို့က ဖမ်းဆီး

By Narinjara/ 2021 August 4

နောင်ခိုင်အောင်၊  အောင်ဇံ

စစ်တွေမြို့တွင် ကိုဗစ်စည်းကမ်း မလိုက်နာဘဲ ပဆစ်ကစားနေသည့် ပဆစ်ဝိုင်းများကို ယနေ့ညနေက ပြည်နယ်ပူးပေါင်းရဲတပ်ဖွဲ့များက ဝင်ရောက်ဖမ်းဆီးရာ အနည်းဆုံး လူ ၁၂ ဦး ထိန်းသိမ်းခံခဲ့ရသည်ဟု သတင်းရရှိသည်။

၎င်းဖမ်းဆီးခံရသူများမှာစစ်တွေမြို့ ၊ ဆင်ကူးလမ်းရပ်ကွက်၊ အုန်းတပင်ရပ်ကွက်နှင့် ကျောင်းကြီး လမ်းရပ်ကွက်တို့မှ ဖြစ်ကြပြီး ယနေ့ ညနေ ၄နာရီ ခွဲခန့်က ရဲတပ်ဖွဲ့ဝင်များ ပဆစ်ကစားနေစဉ် ရှောင်တခင် ဝင်ရောက် စစ်ဆေးရာက ဖမ်းမိခြင်းဖြစ်သည်ဟု ဖမ်းဆီးရာတွင် ကိုယ်တိုင်ပါဝင်သူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက နိရဉ်စရာသို့ပြောသည်။

အဆိုပါ ဖမ်းဆီးခံထားရသူများကို စစ်တွေ မြို့နယ်ရဲစခန်း အချုပ်တွင် တစ်ည ချုပ်ထားမည် ဖြစ်ပြီး နောက်နေ့တွင် ခံဝန်ဖြင့် ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ၄င်းကပြောသည်။

ထိုသို့ဖမ်းဆီးခြင်းသည် ကိုဗစ်ကာလစည်းကမ်းများကို လိုက်နာမှုမရှိသောကြောင့် ဟုသိရသည်။

https://www.facebook.com/narinjara.info/posts/4556519257693449

Leave a Reply

Your email address will not be published.