By Narinjara/ 2021 August 6
အောင်ဇံ

ယခင်စစ်တွေတက္ကသိုလ်ဟောင်း (လက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း) မှ ပျဥ်ချပ် ၅၉ ချပ်ကို ခိုးယူခဲ့သူတွေကို ယမန်နေ့ သြဂုတ်လ ၄ ရက်နေ့ကစစ်တွေမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။
စစ်တွေမြို့အမှတ် ၁ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ တစ်ဦးမှ ” ကျနော်တို့ဖမ်းမိထားတာဟုတ်တယ်။ မနေ့က ကတည်းက ဖမ်းထားတာ ။ မနေ့က ၁၁နာရီလောက်ကပါ” ဟု နိရဉ္စရာသို့ အတည်ပြုပြောသည်။
ဖမ်းဆီးခံသူများမှာ စစ်တွေမြို့ ဆင်ကူးလမ်းရပ်ကွက်မှ အသက် ၃၀နှစ် အရွယ်တစ်ဦး ၊ အသက် ၃၈နှစ် အရွယ် တစ်ဦးနှင့် ၊ ၃၅နှစ် အရွယ်တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။
စစ်တွေတက္ကသိုလ်ဟောင်း မှ ပျဥ်ချပ်ခိုးယူခဲ့သူများကို ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။
ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့တွင် ကိုဗစ်ကာလအတွင်း ခိုးမှု၊ လုယက်မှု၊ဓားပြမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
https://www.facebook.com/narinjara.info/posts/4562466083765433