By Narinjara/ 2021 August 21
သဥ္ဇာနွယ်
ဂျပန်နိုင်ငံက ကိုဗစ်လူနာများကို အရေးပေါ် သယ်ဆောင်ရာတွင် အသုံးပြုရန် လူနာတင်ယာဉ် ကားတစ်စီးနှင့် ဆေးဘက်ဆိုင်ရာစက်ပစ္စည်းတစ်ချို့ ကို စစ်တွေဆေးရုံကြီးသို့ လှူဒါန်းခဲ့ကြောင်း စစ်တွေဆေးရုံအုပ် ဒေါက်တာကြည်လွင်က နိရဥ္စရာသတင်းကဌာနကို ပြောသည်။
“ဂျပန်နိုင်ငံကနေ စစ်တွေဆေးရုံကို ကိုဗစ်လူနာတင်ဖို့အတွက် ကားတစ်စီး လှူဒါန်းတာ ဟုတ်ပါတယ်။ ကျန်တဲ့ကိစ္စကိုတော့ အသေးစိတ် မသိသေးဘူး”ဟု သူကပြောသည်။
ဂျပန်နိုင်ငံ မှ လူနာတင်ကားအပြင် တစ်ခြားဆေးဘက်ဆိုင်ရာ ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။
၎င်းဆေးဘက်ဆိုင်ရာပစ္စည်းများမှာ Automated PCR testing machines (PCR အလိုအလျောက် စစ်ဆေးစက်များ)နှင့် PCR လက်ပ်တော့များ၊ PCR test kits(PCR စစ်ဆေးကိရိယာများ၊ RNA extraction kits( RNA ထုတ်ယူသည့် ကိရိယာများ)နဲ့molecular biological grade ethanol များ၊ လျှပ်စစ်ဓါတ်အားထောက်ပံ့ရေးယူနစ်များ၊ ICU အဆောက်အအုံများအတွက် မီးစက်များ ပေးလှူကြောင်းသိရသည်။
စစ်တွေဆေးရုံအပါအဝင် မြန်မာနိုင်ငံက ဆေးရုံကြီး ၁၄ ရုံအတွက် လူနာတင်ကား ၁၄ စီးကို ပေးအပ်လှူဒါန်းခဲ့သည်ဟု သိရသည်။
တစ်ခြား ပေးအပ်ခဲ့သည့် ဆေးရုံကြီးများမှာ ရန်ကုန်အထွေထွေ ရောဂါကု ဆေးရုံကြီး၊ မန္တလေး အထွေထွေ ရောဂါကုဆေးရုံကြီး၊ နေပြည်တော် အထွေထွေရောဂါကု ဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထွေထွေဆေးရုံကြီး၊ ဝေဘာဂီအထူးကုဆေးရုံကြီး၊ လွိုင်ကော်အထွေထွေ ရောဂါကုဆေးရုံကြီး၊ မုံရွာ အထွေထွေရောဂါကု ဆေးရုံကြီး၊ ပဲခူးအထွေထွေရောဂါ ဆေးရုံကြီး၊ ပြည်အထွေထွေရောဂါကုဆေးရုံကြီး၊မော်လမြိုင်အထွေထွေရောဂါကုဆေးရုံကြီး၊ ပုသိမ်အထွေထွေ ရောဂါကုဆေးရုံကြီးနှင့် လားရှိုး အထွေထွေရောဂါကု ဆေးရုံကြီး စသည့် ဆေးရုံတွေကိုလည်း ပေးအပ်ခဲ့ကြောင်းသိရသည်။
ရခိုင်ပြည်နယ်တစ်ပြည်လုံးတွင် ကိုဗစ်ကူးစက်ခံရသူ သြဂုတ်လ ၁၉ ရက်နေ့ အထိ ၃၇၁ရဦးထိရှိပြီး ကုသဆဲလူနာ ၄ဝ၇ ဦးနှင့် သေဆုံးသူဦးရေ ၃၅၈ ဦးအထိရှိနေပြီဖြစ်ကြောင်း Rakhine Covid-19 Watch ၏ထုတ်ပြန်ချက်စာရင်းအရသိရသည်။
https://www.facebook.com/narinjara.info/posts/4607628425915865