စစ်တွေဆေးရုံကြီးတွင် ကိုဗစ်ဖြင့် နယ်မှဆရာတော်တစ်ပါး ထပ်မံပျံလွန်တော်မူ

By Narinjara/ 2021 August 11

ရခိုင်ပြည် စစ်တွေမြို့ဆေးရုံကြီးတွင် ကိုဗစ်ရောဂါဖြင့် နယ်မှလာရောက် ကုသနေသည့် ဆရာတော်တစ်ပါး (ဩဂုတ် ၁ဝ ရက်) ယမန်နေ့ည ၇ နာရီ ၄၅ မိနစ်က ထပ်မံ ပျံလွန်တော်မူသွားကြောင်း သတင်းရရှိသည်။

ပျံလွန်တော်မူသွားသော ဆရာတော်မှာ ကျောက်တော်မြို့နယ်၊ ဝင်စုကျးရွာတွင် သီတင်းသုံးနေသည့် သက်တော် (၄၂)နှစ်၊ ဝါတော် (၂၂)ဝါ ရှိပြီဖြစ်သော ကျောင်းထိုင်ဆရာတော် ဦးသောဘိတဖြစ်ကြောင်း ဆရာတော်ကြီးနှင့် ဆွေမျိုးတော်စပ်သူ ကိုမောင်အေးနုက နိရဥ္စရာကိုပြောသည်။

“နေမကောင်းဖြစ်လို့ ကျောက်တော်ဆေးရုံတက်နေတာ ၈ ရက်လောက်ရှိနေပြီ။ မနေ့က အသည်းအသန်ဖြစ်လို့ စစ်တွေဆေးရုံပို့တာ။ ဒီစစ်တွေဆေးရုံကြီးကိုရောက်တာနဲ့ ချက်ချင်း ပျံလွန်တော်မူသွားပါတယ်။ ရောဂါအခံလည်း မရှိဘူး”ဟု ၎င်းက ပြောသည်။

ရခိုင်တစ်ပြည်နယ်လုံးတွင် ကိုဗစ်ရောဂါကြောင့် ပျံလွန်တော်မူသွားသည့်ဆရာတော်မှာ ၈ ပါး အထိရှိနေပြီဟု သိရသည်။

https://www.facebook.com/narinjara.info/posts/4577299675615407

Leave a Reply

Your email address will not be published.