စစ်တပ်မှ စစ်တွေမြို့နယ်နှင့် ပေါက်တောမြို့နယ် ပင်လယ်ရေပြင်နယ်နိမိတ်တို့တွင် ၃ ရက်ကြာ လက်နက်ကြီး စမ်းသပ်ပစ်ခတ်မှုပြုလုပ်မည့်အကြောင်းနှင့်ပတ်သက်၍ ဒေသခံများ၏အမြင်သဘောထား

By Western News/ 2021 August 22

ဦးဖေသန်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း-မြေပုံမြို့နယ်)

“ဒါကတော့ ပုံမှန်ပြောရမယ်ဆိုရင် တပ်ဖွဲ့တစ်ဖွဲ့ကတော့ ပုံမှန်လေကျင့်မှုဆိုတာရှိတာပါပဲ။ အကြောင်းပြချက်အနေနဲ့ကတော့ စစ်ဆေးလေ့ကျင့်ပစ်ခတ်မှုဆိုတဲ့ခေါင်းစဉ်တော့ရှိမှာပေါ့။ ဒါပေမယ့် ဒီလိုမတည်မငြိမ်ဖြစ်နေတဲ့ကာလ ရခိုင်ပြည်သူတွေက စစ်ဖြစ်လာမှာကို စိုးရိမ်နေကြတဲ့ကာလမှာ ဒီလိုလုပ်ရပ်တွေကိုအတတ်နိုင်ဆုံးဆင်ခြင်သင့်ပါတယ်။

ဦးအောင်ကျော်ထွီး (ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း-ပေါက်တောမြို့နယ်)

“ဒီလောက်တည်ငြိမ်နေတဲ့အနေထားတစ်ခုမှာ နောက်ပြီးကိုဗစ်ကာလနဲ့လည်း ဒီလောက်ကြပ်တည်းနေကြတဲ့ အခြေနေမှာ လက်နက်ကြီးစမ်းသတ်ပစ်ခတ်တယ်ဆိုတာ ပြည်သူလူထုကိုထိခိုက်မှုရှိတယ်လို့ ကျနော်မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလောက်ကိုဗစ်ကာလနဲ့ စားဝတ်နေရေးအခက်ခဲဖြစ်နေကြတဲ့ထဲမှာ မြစ်ထဲဆင်းငါးရှာပြီးမှ ထမင်းတစ်ထပ်စားနေရတဲ့လူတွေအတွက် အရမ်းအခက်ခဲဖြစ်စေတယ်။ ဒီလိုမြစ်ပင်လယ်ထဲကိုမထွက်ရတော့ ဒေသခံတွေဘာစားကြမလဲ။ တကယ်တမ်းလက်နက်ကြီးစမ်းမယ်ဆိုတဲ့အစီစဉ်ရှိရင်တောင်မှ ကပ်ကာလကြီးကို ကျော်လွန်ပြီးမှပဲ ချိန်ဆလုပ်သင့်တယ်လို့ မြင်ပါတယ်”

ကိုဇော်ဇော်ထွန်း(အတွင်းရေးမှူး) ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး-REC

“ဒီလိုလုပ်တာဟာ တစ်ဖက်ကကြည့်မယ်ဆိုရင်တော့ AA ဘက်ကနေပြီး အုပ်ချုပ်ရေးတွေ တရားစီရင်ရေးတွေလုပ် လာတော့ အဲဒါကိုစစ်ရေးအရသတိပေးတဲ့သဘောမျိုးလည်း ပါကောင်းပါနိုင်တာပေါ့။ တစ်ခြားတစ်ဖက်ကကြည့် မယ်ဆိုရင်တော့ တပ်တွေမှာ ပုံမှန်စစ်ရေးလေ့ကျင့်တာမျိုးတွေတော့ အခါအားလျော်စွာလုပ်ကြပါတယ်။ အဲလိုပုံစံမျိုးလည်းဖြစ်နိုင်သလို ခုနကပြောသောသလို သတိပေးသလိုမျိုးလည်းဖြစ်နိုင်တာပေါ့။ ဒေသခံတွေဘက် ကတော့ စစ်ရေးလှုပ်ရှားမှုတွေဖြစ်လာရင် စိုးရိမ်ကြတာပါပဲ။ အခုနောက်ပိုင်းမှာလည်း တပ်တွေတိုးချဲ့လာတာတွေ လည်းရှိနေတယ်၊ ပြီးတော့ခုလိုစစ်ရေးလှုပ်ရှားမှုတွေလည်းရှိလာတယ်ဆိုတော့ စိုးရိမ်မှုတွေတော့ ပိုလာကြမှာပဲ”

ဦးအညီမောင်(သဲခုံ -ရေလုပ်သား)

သူတို့ဆီကမနေ့ကကတည်းက အသိပေးတာရှိပါတယ်။ လက်နက်ကြီးတွေ ပစ်ခပ်စမ်းသပ်မယ် ငါးဖမ်း မဆင်းကြနဲ့ပေါ့။ ဆိုတော့ ကျနော်တို့တွေက နဂိုကတည်းကမှ ငါးရှာရတာသိပ်အဆင်ပြေကြတာမဟုတ်ဘူး။ တစ်ရက်ရှာလို့ရမှ တစ်ရက်ထမင်းဝတဲ့ဘဝတွေပါ။ ခုလိုမျိုးငါဖမ်းမထွက်ရတော့ စားဝတ်နေရေးပိုင်းတော့ အထိခိုက်ရှိတာပေါ့။ ကျနော်တို့တစ်ရွာလုံးနီးပါးက ငါးဖမ်းလုပ်ငန်းနဲ့ အသက်မွေးကြတာ။ ပင်လယ်ကမ်းဒေသ ဆိုတော့ တစ်ခြားလုပ်စားစရာလည်းမရှိပါဘူး။ ဒီလိုတွေဖြစ်တော့ ဘာတွေများထပ်ဖြစ်လာမလဲဆိုတာလည်း ထပ်စိုးရိမ်နေရသေးတယ်”

https://www.facebook.com/westernnewsagency/posts/355425579597286

Leave a Reply

Your email address will not be published.