ဂွမြို့ဘုန်းကြီးကျောင်းတစ်ခုအတွင်း အမည်မသိ လူသေအလောင်းတစ်လောင်းတွေ့ရှိ

By Narinjara/ 2021 August 7

ချစ်အိလှိုင်

Photo- Kyaw Myint Maung

ရခိုင်ပြည်နယ်၊ ဂွမြို့၊ ရွာမရပ်ကွက်၊ ထန်းတောကွင်းဘုန်းကြီးကျောင်းဝန်းအတွင်း ကျောင်းဆောင်တစ်ခုတွင် ယနေ့ နံနက် ၇ နာရီခန့်က လူသေအလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးနေသူမှာ အသက် ၄ဝ ကျော်အရွယ်အမျိုးသားတစ်ဦးဖြစ်ကြောင်း ဂွမြို့နာရေး ကူညီရေးအသငျးမှ တာဝနျရှိသူ ကိုကြောျမွငျ့မောငျ နိရဉ်စရာသတငျးဌာနအားပွောသညျ။

“ ဘယ်ကမှန်းမသိဘူး။ သေနေတာပေါ့။ ဦးဇင်းတစ်ပါးကအကြောင်းကြားလို့ပါ။ သေတာက မနေ့ကတည်းက သေနေတာလားမသိဘူး။ အနံ့ထွက်နေပါပြီ။ လွန်ခဲ့တဲ့ အပတ်က ကမ်းသာယာဆိုတဲ့ ရပ်ကွက်မှာ သူ့ကိုယ်သူခေါင်းကို ပုလင်းနဲ့ရိုက်ခွဲတယ်တဲ့။ ကျောက်ဖြူဖက်ကလို့ ပြောတယ်တဲ့။ ခြုပ်ထားတဲ့ဒဏ်ရာလည်းတွေ့တယ်။ ကျန်းမာရေးကြောင့်ထင်တယ်။ မနက်က ဆရာဝန် စစ်ဆေးချက်ကတော့ ရိုးရိုးသေတာပဲ” ဟုပြောသည်။

၄င်းတို့အနေဖြင့် အဆိုပါ ပိုင်ရှင်မဲ့ အလောင်းအား ယနေ့ နံနက် ၈ နာရီခွဲခန့်တွင် သင်္ဂြိုလ် ပေးလိုက်ရကြောင်း သူကဆက်ပြောသည်။

ဂွမြို့ရဲစခန်းမှ ဒုရဲအုပ်ကျော်မင်းသိန်းက “ သူကစိတ်မနှံ့ပဲ လျှောက်သွားနေတာကြာပါပြီ။ မနက် ကျွန်တော်တို့ နာရေးကူညီမှုအသင်းအကူအညီနဲ့ပေါ့ သဂြိုလ်လိုက်တယ်။ ဆရာဝန်ကတော့ ကိုဗစ်မစစ်လိုက်ဘူးထင်တယ်။ ဒါပေမယ့် ကိုဗစ်စည်းကမ်းနဲ့အညီ နာရေးကူညီရေးက ဝတ်စုံအပြည်နဲ့ အလောင်းကို အိတ်တွေစွပ်ပြီး သင်္ဂြိုလ်ပေးခဲ့တာပါ” ဟုပြောသည်။

သေဆုံးသူအား ရဲတပ်ဖွဲ့အနေဖြင့် မည်သူဖြစ်ကြောင်းကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ပြောသည်။

https://www.facebook.com/narinjara.info/posts/4565637000115008

Leave a Reply

Your email address will not be published.