By Western News/ 2021 August 30

ကိုဗစ် တိုက်ဖျက်ရေး ရောဂါပိုးရှိ၊ မရှိ စစ်ဆေးမှုများလုပ်ဆောင်ရန်နှင့် အသိပညာပေးအစီအစဉ်များအတွက် အမေရိကန်က မြန်မာကို ဒေါ်လာသန်း ၂၀ကျော် ထပ်မံထောက်ပံ့သည်။
မြန်မာနိုင်ငံမှ ထွက်ပြေးရသူများနှင့် ပြည်တွင်းနေလူထုကို ကူညီပေးရန် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ-သောမတ်စ် ဂရင်းဖီးလ်က ယခုလဆန်းတွင် ကြေညာခဲ့သည်။
ဒုက္ခသည် ခုနစ်သိန်းကျော်နှင့် နေရပ်စွန့်ခွာရသူများအပါအဝင် မြန်မာလူထုအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ သန်း ၅၀ ကိုလည်း အမေရိကန်က ထောက်ပံ့ထားသည်။
ယင်းအကူအညီများသည် အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှု၊ ဖိနှိပ်မှုများကြောင့် ထွက်ပြေးနေရသည့် ပြည်သူများကို ပေးအပ်ထောက်ပံ့မည်ဖြစ်သည်။
အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု၊ နေရာထိုင်ခင်း၊ အရေးပေါ်စားနပ်ရိက္ခာ၊ ရေ၊ မိလ္လာနှင့် တစ်ကိုယ်ရည် ကျန်းမာသန့်ရှင်းရေးဝန်ဆောင်မှုများအတွက် ကူညီပေးမည်ဖြစ်သည်။
မြန်မာတွင် ဒီမိုကရေစီနည်းကျအုပ်ချုပ်ရေး ပြန်အသက်သွင်းရန်၊ အဓမ္မ ဖမ်းဆီးခံရသူများ ပြန်လွှတ်ပေးရန်၊ အကြမ်းဖက်မှုများရပ်တန့်ရန် စစ်ကောင်စီကို အမေရိကန်က တောင်းဆိုထားသည်။
https://www.facebook.com/westernnewsagency/posts/360583109081533