By Western News/ 2021 August 12
ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှုပြုလုပ်နေသည့် နယ်စပ်ကုန်သွယ်ရေးစခန်များကို ကိုဗစ်ရောဂါကြောင့် ဆက်လက် ပိတ်ထားနိုင်ခြေရှိသည်ဟု နယ်စပ်ကုန်သွယ်ရေးစခန်းမှ တာဝန်ရှိသူများကပြောသည်။
ရခိုင်ပြည်နယ်တွင် ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှုပြုလုပ်နေသည့် နယ်စပ်ကုန်သွယ်ရေးစခန်း ၃ ခုရှိပြီး ယင်းတို့မှာ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း၊ ကညင်ချောင်းကုန်သွယ်ရေးစခန်းနှင့် စစ်တွေရွှေမင်းဂံကုန်သွယ်ရေးစခ န်းတို့ဖြစ်သည်။
လက်ရှိ ကိုဗစ် ၁၉ တတိယလှိုင်းတွင် ပိုးကူးစက်ခံရသူများပြားလာနေသည့်အတွက် အဆိုပါ နယ်စပ်ကုန်သွယ်ရေး စခန်းများကို ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်နေ့က ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။
ကိုဗစ်ရောဂါကြောင့် ကုန်သွယ်ရေးစခန်းများကို လက်ရှိအချိန်ထိ ကုန်သွယ်မှုရပ်တန့်ထားပြီး ကိုဗစ်ကာလပြီးဆုံး ပြီး ကျန်းမာရေးအခြေအနေများပြန်လည်ကောင်းမွန်လာမှသာ နယ်စပ်ကုန်သွယ်ရေးစခန်းကို ပြန်ဖွင့်နိုင်ခြေရှိ သည်ဟု မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း ဥက္ကဌ ဦးအောင်မြင့်သိန်းက Western News သို့ပြောသည်။
“ကုန်သွယ်မှုကိုတော့ လက်ရှိအချိန်ထိ ပိတ်ထားတုန်းပဲ။ ကုန်သွယ်မှုတွေမပြုလုပ်သေးပါဘူး။ ကုန်သွယ်ရေးစခန်းတွေကို ကိုဗစ်ရောဂါပြီးဆုံးပြီး ကျန်မာရေးအခြေအနေတွေပြန်လည်ကောင်းလာမှပဲ ပြန်ဖွင့်မယ်လို့တော့ ကျွန် တော်ထင်ပါတယ်” ဟုပြောသည်။
အဆိုပါ ကုန်သွယ်ရေးစခန်း ၃ ခုမှ မြန်မာ့အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ကုန်သွယ်မှုကို အဓိကပြု လုပ်နေပြီး နိုင်ငံခြားဝင်ငွေ အများအပြားရရှိသည့် ကုန်သွယ်ရေးစခန်းများလည်းဖြစ်သည်။
နယ်စပ်ကုန်သွယ်ရေးစခန်း ၃ ခုလုံးကို ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်နေ့မှ ၃၁ ရက်နေ့ထိ ကိုဗစ် ၁၉ ရောဂါ ထိန်းချုပ် နိုင်ရေးအတွက် ၂ ပတ်ကြာယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။
လက်ရှိမှာ ယာယီပိတ်ရက်မှာလည်းပြည့်သွားခဲ့သည်မှာ ရက်အနည်းငယ်ကြာသွားခဲ့ပြီဖြစ်သည့်အတွက် နယ်စပ် ကုန်သွယ်ရေးစခန်းအခြေအနေများကိုမေးမြန်ရန် ပြည်နယ်စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို Western News ကဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြားမရှိပေ။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ကိုဗစ်ဒုတိယလှိုင်းကလည်း မောင်တောနယ်စပ်ကုသွယ်ရေးစခန်းကို သြဂုတ်လမှစတင်၍ ပိတ်ထားခဲ့သလို ကညင်ချောင်းစီးပွားရေးဇုန်ကိုလည်း ၂၀၂၀ခုနှစ် ဇွန်လမှစတင်ကာပိတ်ထားခဲ့ရသည်။
ယင်းသို့ ပိတ်ထားခဲ့ရသည့် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းနှင့် ကညင်ချောင်းစီးပွားရေးဇုန်ကို ယခု ၂၀၂၁ ခုနှစ် ဧပြီ ၁၂ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်ရှိကုန်သွယ်ရေး စခန်းများမှ တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်သို့ ကြက်သွန်အပါအဝင် မီးဖိုချောင်သုံးကုန် ပစ္စည်းများကို ၉၀ရာခိုင်နှုန်းအထိတင်ပို့ကြေားလည်းသိရှိရသည်။ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း တစ်ခုတည်းကပင် တစ်လလျှင်ဒေါ်လာ ၁၀ သန်းကျော်အထိကုန်သွယ်နိုင်ကြောင်းသိရသည်။
https://www.facebook.com/westernnewsagency/posts/348647210275123