ကိုဗစ်ကြောင့် စားဝတ်နေရေးခက်ခဲနသော အိမ်ထောင်စု ၃ဝဝ ကျော်အား ရခိုင်အမျိုးသမီးများအစည်းအရုံး(RWU)က စားနပ်ရိက္ခာထောက်ပံ့

By Narinjara/ 2021 August 18

သဥ္ဇာနွယ်

ရခိုင်ပြည်နယ်တွင် ကိုဗစ်ကြောင့် စားဝတ်နေရေးအခက်ခဲဖြစ်နေကြသော ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်စခန်း(၃)ခုအပါအဝင် မင်းပြားမြို့နယ်မှ စစ်ဘေးရှှောင်စခန်း(၁)တစ်ခုနှင့်မြို့ပေါ်ရှိစားဝတ်နေရေးခက်ခဲနေသူ အိမ်ထောင်စု ၃၀၀ ကျော်အား ရခိုင်အမျိုးသမီးများအစည်းအရုံး(RWU)က စားနပ်ရိက္ခာများထောက်ပံ့ခဲ့ကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ အထက်သင်းပုန်းတန်းစစ်ဘေးရှောင်စခန်းမှ ခမီ အိမ်ထောင်စု(၄၈) စု၊ ခွေးသေစခန်းမှ ခမီ အိမ်ထောင်စု(၁၇)စု၊ ဖွားကြွယ် စခန်းမှ ခမီ အိမ်ထောင်စု(၄၅)စုနှင့် မင်းပြားမြို့နယ် ဝါးတောင်စစ်ဘေးရှှောင်စခန်းမှ အိမ်ထောင်စု(၄၆)စု၊ မြို့ပေါ်ရှိ အိမ်ထောင်စု (၁၅၄)စု တို့ဖြစ်ကြသည်။

“ကျမတို့အဖွဲ့အစည်းက အခုကာလအတွင်းမှာ စားဝတ်နေရေးခက်ခဲသူတွေကို ကျမတို့အဖွဲ့ကစုပေါင်းပြီးလှူတာပါ။ ကျမတို့နောက်ထပ်လည်း ပြည်သူတွေအခက်ခဲဖြစ်နေတာတွေကို တတ်နိုင်သလောက် ထပ်ပြီး အများကြီးလုပ်ပေးသွားဖို့ရည်ရွယ်ချက်တွေရှိပါတယ်။ အခုကျမတို့ထောက်ပံ့ပေးတာက ဆန်၊ ဆီ၊ ဆား၊ငရုတ်၊ ငပိ၊ ကြက်သွန်နီ/ဖြူ၊ ရေသုံးပစ္စည်းနဲ့ အမျိုးသမီးလစဉ်သုံးတွေပါ” ဟု ရခိုင်အမျိုးသမီးများအစည်းအရုံး(RWU)၏ လူငယ်ခေါင်းဆောင် စောခင်သန်းဝေက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ယင်းသို့ ထောက်ပံ့ရာတွင် အိမ်ထောင်စုတစ်စုလျှင် စုစုပေါင်း ကျပ် ၂၃,ဝဝဝ တန်ဖိုးရှိသော ဆန် ၇ သစ်(၃ ပြည်ခွဲ)၊ ဆား ၅ဝ ကျပ်သား၊ ကြက်သွန်နီ/ဖြူ ၁ ပိဿာ၊ ငပိ ၂၅ ကျပ်သား၊ အမျိုးသမီးလစဉ်သုံးတစ်ခုနှင့် ရေသုံးပစ္စည်းအချို့တို့ကို ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။

https://www.facebook.com/narinjara.info/posts/4598649146813793

Leave a Reply

Your email address will not be published.