By Development Media Group (DMG)/ July 17

ရခိုင်ပြည်အတွင်း COVID-19 ကူးစက်ရောဂါဖြစ်ပွားမှုများလာနေသည့်အတွက် ဒေသခံအများအပြား အပန်းဖြေနေရာဖြစ်သည့် စစ်တွေမြို့ရှိ ကမ်းနားလမ်းနဲ့ ပွိုင့်ကမ်းခြေများကို ယနေ့ ဇူလိုင် ၁၇ရက် စနေနေ့တွင် Lock Down ချထားသည်ကိုတွေ့ရပြီး ဇူလိုင် ၁၈ရက် တနင်္ဂနွေနေ့တွင်လည်း Lock Down ချထားမည်ဖြစ်ကြောင်း သိရသည်။ ကျန်ရက်များတွင်လည်း လူစုလူဝေးမဖြစ်ပွားစေရန်အတွက် အထူးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် Stay at Home သတ်မှတ်မြို့နယ်များက စစ်တွေမြို့သို့လာရောက်မည့်သူများကို Quarantine ထားရှိမည့်နေရာများအား ပြည်နယ်ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက COVID-19 စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထားရှိနိုင်ဖို့ သွားရောက်ကြည့်ရှုကြပ်မတ်ခဲ့ပြီး Lock Down ချထားသည့်နေရာများကိုလည်း လှည့်လည်ကြည့်ရှုခဲ့သည်။
https://www.facebook.com/dmgnewsagency/posts/2063332783819122