၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ်အား ပယ်ဖျက်ကြောင်း စစ်ကောင်စီကြေညာ

By Western News/ 2021 July 26

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်တွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲရလဒ်အားပယ်ဖျက်ကြောင်း ယနေ့ ဇူလိုင်လ ၂၆ ရက်တွင် စစ်ကောင်စီကကြေညာလိုက်သည်။

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်တွင်ကျင်းပခဲ့သည့် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ သက်ဆိုင်ရာလွှတ်တော်ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှု မရှိဟုထုတ်ပြန်သည်။

ယင်းအပြင် တရားမမျှတသည့်ရွေးကောက်ပွဲ ဖြစ်ကြောင်းတွေ့ရှိရသဖြင့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲရလဒ်အားပယ်ဖျက်လိုက်သည်ဟု စစ်ကောင်စီကခန့်အပ်ထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ ညနေပိုင်းက ထုတ်ပြန်ကြေညာလိုက်သည်။

https://www.facebook.com/westernnewsagency/posts/337772448029266

Leave a Reply

Your email address will not be published.