အိုအိုင်စီမှ တင်သွင်းသည့်အဆို(မူကြမ်း)အား လက်မခံပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်

By Narinjara/ 2021 July 15

ယခုလ ၁၂ ရက်နေ့က ဂျီနီဗာမြို့၌ ကျင်းပခဲ့သော လူ့အခွင့်အရေးကောင်စီ၏ (၄၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးအတွင်း အိုအိုင်စီက တင်သွင်းသည့် “ရိုဟင်ဂျာ” ဆိုသူ မွတ်ဆလင် များနှင့် အခြားသော လူနည်းစုများ၏ အခွင့်အရေးအခြေအနေနှင့် ပတ်သက်၍ တင်သွင်းသည့် အဆို(မူကြမ်း)ကို လက်မခံ ပယ်ချကြောင်း နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာက ဇူလိုင် ၁၄ ရက်နေ့ စွဲဖြင့်ထုတ်ပြန်သည်။

ယင်းဆုံးဖြတ်ချက်အဆိုသည် မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးများအဖြစ် အသိအမှတ် ပြုထားခြင်းမရှိသော “ရိုဟင်ဂျာ”ဆိုသူ များနှင့် ပတ်သက်၍ အဓိကဖော်ပြထားကြောင်း၊ နိုင်ငံရေးရည်မှန်း ချက်များဖြင့် တီထွင်ဖန်တီးထားသည့် “ရိုဟင်ဂျာ”ဟူသည့် အသုံး အနှုန်းကိုလည်း မြန်မာအစိုးရနှင့် ပြည်သူများက အသိအမှတ်ပြုခြင်း မရှိဘဲ ပယ်ချကြောင်း စသဖြင့် ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စနှင့် စပ်လျဉ်း၍ အားလုံးပါဝင်သည့် အလုံးစုံချဉ်းကပ်မှုပုံစံမျိုးဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံသဘောတူညီချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံသားဖြစ်မှု စိစစ်ခြင်းနှင့်ပတ်သက်၍ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြပြီး ၎င်းဆုံးဖြတ်ချက် အဆို(မူကြမ်း)ကို တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ ကလည်း သဘောမတူ၊ မထောက်ခံကြောင်း (Dissociate) ပြောကြားခဲ့ကြောင်းဖြင့်လည်း ဖော်ပြထားသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်ကို မြန်မာ့အလင်းသတင်းစာတွင် အောက်ပါအတိုင်း ဖော်ပြထားသည်။

https://www.facebook.com/narinjara.info/posts/4496329443712431

Leave a Reply

Your email address will not be published.