By Western News/ 2021 July 2

ရခိုင်ပြည်နယ်တွင် အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် လိင်ပိုင်ဆိုင်ရာအကြမ်းဖက်မှုများမြင့်မားလာနေသည့်အတွက် ၎င်းတို့ အားဆန့်ကျင်ခြင်းလှုပ်ရှားမှုများအား ဇွန်လ ၁ ရက်နေ့မှစတင်ကာ လူမူကွန်ရက်စာမျက်နှာပေါ်တွင်စတင်ပြန့်နှံလာသည်။
ရခိုင်ပြည်နယ်ရှိ အမျိုးသမီးများနှင့် ကလေးငယ်များမှာ ပဋိက္ခအမျိုးမျိုးနှင့် ကမ္ဘာ့ကပ်ရောဂါဆိုးကြားထဲ၌ ဆင်းရဲ ဒုက္ခအမျိုးမျိုးကို ထိခိုက်ခံစားနေကြရပြီး အဆိုပါအခက်အခဲပေါင်းစုံကို ခါးစည်းခံနေရသည့် အမျိုးသမီးများနှင့် ကလေးငယ်များကို အကြမ်းဖက်မှု၊ မုဒိမ်းမှုများ ထပ်မံမဖြစ်လာနိုင်စေရန် ကာကွယ်တားဆီး ပေးစေလိုကြောင်းတဆင့် ဖြန့်ဝေသူများက ရေးသားထားကြသည်။
အဆိုပါလှုပ်ရှားမှုတွင် “ အမျိုးသမီးနဲ့ ကလေးငယ်တွေအတွက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကင်းရှင်း တဲ့ရပ်ဝန်းတစ်ခု အတူတူ လက်တွဲဖန်းတီးကြမယ်။ တစ်စုံတစ်ယောက် Rape လုပ်ခံရလျှင် သူ့အသံကိုနားထောင် ပေးပါ၊ သူ့ကိုဖေးမပေးပါ၊ ကဲ့ရဲ့ရှုံ့ချစရာ လုံးဝလုံးဝ မဟုတ်ပါ၊ ယောကျင်္ားတွေဟာ မုဒိမ်းမှုကိုတားဆီးပေးနိုင်တယ်” ဟုရေးသားထားကြသည်။
အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် လိင်ပိုင်ဆိုင်ရာအကြမ်းဖက်မှုများအားရပ်တန့်ရေး အမျိုးသမီးများအပါအဝင် အမျိုးသားများပါ ပါဝင်လှုပ်ရှားလာသလို Stop Rapes & Make a Safe environment ” စသဖြင့် စတီကာများကိုင်ဆောင်ကာ လူမှုကွန်ရက် စာမျက်နှာများတွင် ပြုလုပ်နေကြသည်။
https://www.facebook.com/westernnewsagency/posts/321949716278206