By Development Media Group (DMG)/ July 23
အများပြည်သူအလုပ်ပိတ်ရက်ကို ဇူလိုင်လ ၂၆ မှ ဩဂုတ်လ ၁ ရက်နေ့အထိ နောက်ထပ်တစ်ပတ် တိုးမြှင့်ကြောင်း ယနေ့ ဇူလိုင်လ ၂၃ ရက်တွင် စစ်ကောင်စီက ကြေညာလိုက်သည်။
တစ်ဆက်တည်းမှာ ယင်းအလုပ်ပိတ်ရက်အတွင်း ကိုဗစ်စည်းကမ်းများနှင့်အညီ နေထိုင်ရန်နှင့် ဘဏ်များပြန်လည်ဖွင့်လှစ်ရေး၊ စားသောက်ကုန် အရောင်းဆိုင်များ စသဖြင့် လိုက်နာရမည့် အသိပေးစာကိုလည်း ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ယင်း၏ လက်အောက်ခံ အစိုးရဘဏ်၊ ပုဂ္ဂလိကဘဏ်များမှာ ယခင်ရုံးဖွင့်ရက်အတိုင်း ဖွင့်လှစ်၍ရကြောင်း ဖော်ပြထားသည်။
မရှိမဖြစ် အခြေခံလိုအပ်ချက်များဖြစ်သော စက်သုံးဆီ၊ သောက်သုံးရေသန့်၊ သား၊ ငါးနှင့် အခြေခံစားသောက်ကုန်များ ရောင်းချသည့်ဆိုင်များသာ ဖွင့်လှစ်ခွင့်ပြုကြောင်းလည်း အသိပေးစာတွင် ဖော်ပြထားသည်။
https://www.facebook.com/dmgnewsagency/posts/2068142060004861