By Development Media Group (DMG)/ July 28
သံတွဲမြို့နယ်မှ ရေဘေးသင့်ပြည်သူများကို ရခိုင်ပြည်နယ်စစ်ကောင်စီက ဆန်တစ်ပတ်စာနှင့် အခြားပစ္စည်းများ ပေးအပ်ကူညီပေးသွားမည်ဖြစ်ကြောင်း ဇူလိုင် ၂၈ ရက်တွင် သိရသည်။
သံတွဲမြို့နယ်တွင် ရေကြီးခဲ့မှုကြောင့် လက်ရှိမှာရေပြန်ကျသွားပြီးဖြစ်သော်လည်း ရေးဘေးသင့်ပြည်သူများအတွက် အရေးပေါ်စားရေးသောက်ရေး အကူအညီများလိုအပ်လျှက်ရှိကြောင်း ဒေသခံများထံမှသိရသည်။
အဆိုပါရေကြီးမှုတွင် အိမ်ထောင်စုပေါင်း ၇၀၀ ကျော်ရေလွှမ်းမိုးမှုခံခဲ့ရပြီး လူဦးရေအားဖြင့် ၃၀၀၀ ကျော်ဒုက္ခ ရောက်လျှက်ရှိကာ အသေအပျောက်စာရင်များမှာ မရရှိသည်ဟုလည်း ပြည်နယ်စစ်ကောင်စီ သတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်း၏ လူမှုကွန်ရက်တွင် ဖော်ပြထားချက်အရ သိရသည်။
ရေတက်ချိန်တွင် ရေဘေးသင့်ပြည်သူ့များမှာ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရပြီး နည်းနည်းအမျိုးမျိုးဖြင့် စက် လှေအကူအညီများ စီစဉ်ပေးခြင်း၊ အစာအဟာရများအတွက် မြို့နယ်ရှိ ဆရာတော်များကလည်း ကူညီပေးခြင်းများရှိပြီး အစိုးရအမှုထမ်းများ၊ မြန်မာစစ်သားများ၊ ပရဟိတသမားများ၊ လူမှုရေးအသင်းအဖွဲ့ ပူပေါင်းကာ ကူညီပေးခဲ့ခြင်းများရှိကြောင်း ပြည်နယ်ကောင်စီထံမှသိရသည်။
သံတွဲမြို့ရှိ ရေဘေးသင့်ပြည်သူများကို ဆန်တစ်ပါတ်စာနှင့် အခြားပစ္စည်းများကို ဇူလိုင်လ ၂၉ ရက်နေ့မှစ၍ ကူညီပေးအပ် ကယ်ဆယ်ရေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“အခုတော့ တစ်ချို့လည်း မိမိနေအိမ်များကို ပြန်သွားကြပြီး ကယ်ဆယ်ရေးလုပ်ငန်း ငွေနောက်ကလိုက်လာနေပါပြီ။ နက်ဖြန်လောက် ကယ်ဆယ်ရေးကိစ္စ စတင်နိုင်လောက်ပါတယ်။ အခြေခံအားဖြင့် ဆန်တစ်ပါတ်စာနှင့် စောင်၊ ခြင်ထောင်၊ ဆပ်ပြာ၊ ခေါက်ဆွဲခြောက်နှင့် mask တွေ အရင်ပေးသွာပါမယ်။ စောင်၊ ခြင်ထောင်၊ တပိုလင်ခေါက်ဆွဲခြောက် လာနေတယ် လူ (၅၀၀) စာဖြစ်ပါတယ်” ဟု ဦးလှသိန်း၏ လူမှုကွန်ရက်စာမျက်တွင် ဖော်ပြထားသည်။
သံတွဲတွင် မြစ်ရေများပြန်ကျသွားပြီးဖြစ်သော်လည်း ရေနစ်မြုပ်မှုကြောင့် တင်ကျန်ခဲ့သည့် နုန်းမြေများမှာ ခြေမျက်စိနှင့် ဒူးလောက်အထိ နစ်မြုပ်ခြင်းများရှိပြီး၊ ချက်ပြုတ်စားသောက်ရန်အတွက်လည်း အခက်အခဲများရှိသဖြင့် အဆိုပါနုန်းများကို သန့်ရှင်းရေးများအား လုပ်ဆောင်လျှက်ရှိသည်ဟုလည်း ဒေသခံများထံမှသိရသည်။
လက်ရှိ သံတွဲမြို့ပေါ်မှ သိမ်းကုန်းကျောင်းဓမ္မာရုံတွင် လာရောက်ခိုလှုံနေကြသည့် ရေဘေးသင့်ပြည်သူ ၂၀၀ ကျော်အတွက် စားဝတ်နေရေးတာဝန်ယူဖြေရှင်းနေရကြောင်း၊ ပတ်ဝန်းကျင်မှလည်း လာရောက်လှူဒါန်းမှုတွေရှိကြောင်း သိမ်းကုန်းကျောင်းတိုက်ဆရာတော် ဦးတေဇိန္ဒ၏ မိန့်ကြားချက်အရ သိရသည်။
ထို့အတူ မြစ်ရေပြန်ကျဆင်းသွားသော်လည်း မြေနိမ့်သည့် တချို့ရပ်ကွက်များနှင့် ချောင်းနားလမ်းဘက်များတွင် ရေများကျန်ရှိနေသေးပြီး ရေနစ်မြုပ်မှုများကြောင့် စျေးဆိုင်ပိုင်ရှင်များမှာ ပစ္စည်းများဆုံးရှံးမှုရှိကြောင်း သိရသည်။
https://www.facebook.com/dmgnewsagency/posts/2072334732918927