သံတွဲတွင် ကိုဗစ်ပိုးတွေ့ လူနာတစ်ဦး ထပ်မံသေဆုံး

By Narinjara/ 2021 July 11

အောင်ဇံ

သံတွဲ မြို့တွင် ယနေ့ ဇူလှိုင်လ ၁၁ ရက် မွန်းလွဲ (၂)နာရီခန့်က ကိုဗစ်ပို့တွေ့ လူနာတစ်ဦး ထပ်မံ သေဆုံးသွားကြောင်း သတင်းရရှိပါသည်။

အဆိုပါသေဆုံးသူမှာ တောင်ကုတ်မြို့နယ်မှ အသက် (၅၂) နှစ်ရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး အောက်စီဂျင်ပေးထားရသူဖြစ်ကြောင်း သံတွဲဆေးရုံအုပ် ဒေါက်တာရဲဝင်းထွန်းက နိရဉ္စရာသတင်းဌာနသို့ အတည်ပြုပြောကြားသည်။

“လွန်ခဲ့တဲ့ (၂)ရက် ကနေပြီးတော့ ကျနော်တို့ သံတွဲဆေးရုံကိုလာတက်တာပါ။ တောင်ကုတ်မြို့ကပါ။ လူနာက အသက်( ၅၂)နှစ် ရှိတဲ့ အမျိုးသားပါ။ သူက ဖျားတာတွေဘာတွေတော့ ရှိခဲ့တယ်။ပြီးတော့ မောတယ်။ လာကတည်းက ကျနော်တို့အောင်စီဂျင်တွေ ဘာတွေ ပေးထားရတာပေါ့ ” ဟု ၎င်းက ပြောသည်။

သံတွဲ မြို့တွင် ကိုဗစ်အတည်ပြုလူနာ (၁၀၁)ဦးရှိပြီး ယနေ့တရက်တည်း ကိုဗစ်ကပ်ရောဂါဖြင့် သေဆုံးသူ( ၂)ဦးရှိခဲ့သည်။

ယနေ့ မနက်ပိုင်းကလည်း ကျောက်ဖြူမြို့တွင် ကိုဗစ်ပိုးတွေ့လူနာတစ်ဦး (၁) ဦးသေဆုံးခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိလှိုင်းအတွင်း ဇူလိုင် ၁၁ ရက်နေ့အထိ ကိုဗစ်အတည်ပြု လူနာ စစ်တွေတွင် (၄ )ဦး၊ မောင်တောတွင် (၅ )ဦး၊ တောင်ကုတ်တွင်( ၂) ဦး၊ ကျောက်ဖြူ (၁) ဦး နှင့် သံတွဲတွင်(၂) ဦး၊ စုစုပေါင်း ( ၁၄) ဦး သေဆုံးသွားခဲ့ပြီးဖြစ်ကာ လူပေါင်း( ၇၀၀) ကျော် ကူးစက်ခံထားရပြီဟု သိရသည်။

https://www.facebook.com/narinjara.info/posts/4485608488117860

Leave a Reply

Your email address will not be published.