သံတွဲတွင်ကိုဗစ်တတိယလှိုင်းအတွင်း ပထမဆုံးသေဆုံးသူရှိလာ

By Narinjara/ 2021 July 11

သျှင်မင်းဇံ၊ မြတ်ဟိန်းထွန်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ကိုဗစ်တတိယလှိုင်းအတွင်း ပထမဆုံး သေဆုံးသူ ရှိလာပြီဟု သတင်းရရှိသည်။

၎င်းသေဆုံးသူမှာ အသက် (၅၆) အရွယ်ရှိ သံတွဲမြို့ ၊ ဗိုလ်ချုပ်လမ်းနေ ဆီးချို၊ သွေးတိုးရှိပြီး ကိုယ်တခြမ်း လေဖြတ်ထားသူ အမျိုးသမီး ဖြစ်ပြီး ကြောင်း သံတွဲမြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာ ရဲဝင်းထွန်းက ပြောသည်။

“သူက ဒီနေ့ မနက် ၁၀ နာရီကျော်လောက်က မောလို့ ဆေးရုံတက်လာတယ်။ သူရဲ့ အောင်ဆီဂျင်က အရမ်း နည်းနေပါတယ်။ ကျွန်တော်တို့က အတတ်နိုင်ဆုံး အောင်ဆီဂျင်ပေးပြီး ကူပေခဲ့ပါတယ်။ ဒါပေမဲ့ မနိုင်လိုက်ပါဘူး။ နေ့လယ် ၁၂ နာရီလောက်မှာ ဆုံးသွားပါတယ်။ အဲအချိန် သူကို စစ်လိုက်တော့ ကိုဗစ်ပိုးတွေ့ပါတယ်”ဟု နိရဉ်စရာကို အတညျပွုပွောသညျ။

သံတွဲမြို့နယ်တွင် ကိုဗစ်အတည်ပြု လူနာ ၁၀၁ ဦး၊ ဆေးရုံ ဆင်းခွင့်ရရှိသူ ၅၀ ခန့်ရှိကာ အရေးပေါ်အောက်ဆီဂျင် ပေးထားရသည့် လူနာ ၆ ဦးရှိကြောင်း ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိလှိုင်းအတွင်း ဇူလိုင် ၁၁ ရက်နေ့အထိ ကိုဗစ်အတည်ပြု လူနာ ၁၃ ဦး သေဆုံးသွားခဲ့ပြီး လူပေါင်း ၇၀၀ ကျော် ကူးစက်ခံထားရပြီဟု သိရသည်။

https://www.facebook.com/narinjara.info/posts/4485424898136219

Leave a Reply

Your email address will not be published.