သူနာပြုဆရာမများအား ခြိမ်းခြောက်ခြင်းမရှိခဲ့ကြောင်း သေဆုံးသူ၏ မိသားစုဝင်မှ ပြောဆို

By Western News/ 2021 July 21

စစ်တွေပြည်သူ့ဆေးရုံမှ သူနာပြုဆရာမများအား ခြိမ်းခြောက်ခြင်းမရှိခဲ့ သလို social network မှလည်း ခြိမ်းခြောက်တုန့်ပြန်ခြင်းမရှိခဲ့ကြောင်း သေဆုံးသူ၏ မိသားစုဝင်များမှ ပြောဆိုလိုက်သည်။

ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်ပေါ်တွင်ပျံ့နှံ့နေသည့် ဆေးရုံအတွင်း သူနာပြုများနှင့် လူနာစောင့်များကြား အော်ဟစ် ပြောဆိုနေသည့် ဗွီဒီယိုဖိုင်များထွက်ပေါ်လာပြီးနောက် လုံခြုံရေးအကြောင်းပြချက်ဖြင့် စစ်တွေဆေးရုံမှသူနာပြုတချို့ အလုပ်မဆင်းဘဲနေခဲ့ကြသည်။

ပြီးခဲ့သည့်ရက်ပိုင်းက စစ်တွေဆေးရုံးတွင် ကိုဗစ်လူနာတစ်ဦးသေဆုံးရသည့်အကြောင်းအရင်းအား Western News သတင်းဌာနက မိသားစုဝင်တစ်ဦးကို မေးမြန်းထားသည်ကိုဖော်ပြလိုက်သည်။

https://www.facebook.com/westernnewsagency/posts/334385355034642

Leave a Reply

Your email address will not be published.