ရွေးကောက်ပွဲရလဒ်ဖျက်သိမ်းလိုက်ခြင်းကြောင့် နိုင်ငံရေးအကျပ်အတည်း ဆိုးရွားသွားနိုင်ဟု ANP ထုတ်ပြန်

By Western News/ 2021 July 27

၂၀၂၀ ခုနှစ် နိုင်ဝင်ဘာလ ၈ ရက်က ကျင်းပခဲ့သည့် ပါတီစုံအထွေထွေရွေးကောက်ပွဲရလဒ်အား ဖျက်သိမ်းလိုက်ခြင်းကြောင့် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ပို၍ဆိုးရွားစေနိုင်ကြောင်း ရခိုင်အမျိုးသားပါတီ ANP က ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့တွင်ထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသည် ၂၀၂၀ ရွေးကောက်ပွဲကြောင့် ဖြစ်ပွားနေသည့် နိုင်ငံရေးပြဿနာရှုပ်ထွေးမှုများနှင့်အတူ အပြုသဘောဆာင်သော နိုင်ငံရေးအခြေအနေတစ်ရပ်မှ အလုံးစုံပျက်သုဉ်းရေးသို့ ဦးတည်နေကြောင်း ထုတ်ပြန်ချက်တွင်ရေးသည်။

ယင်းအပြင် ရခိုင်အမျိုးသားပါတီ အနေဖြင့် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နှင့်ပတ်သတ်၍ ရခိုင်ပြည်သူများ၏သီးခြားဆန်သော ဖြစ်တည်မှုကိုအခြေခံကာ အပြုသဘောဆောင်၍ ချဉ်းကပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသော်လည်း မည်သည့် အဖွဲ့အစည်းအား အပြုသဘောဆောင်ချဉ်းကပ်ခဲ့ခြင်းဖြစ်ကြောင်းကို ထုတ်ပြန်ချက်တွင် တိတိကျကျရည်ညွှန်း ဖော်ပြထားခြင်းမရှိပေ။

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ်သည် တရားမမျှတသည့်ရွေးကောက်ဖြစ်ကြောင်းတွေ့ရှိရသဖြင့် ပယ်ဖျက်လိုက်ကြောင်း ယမန်နေ့ ဇူလိုင်လ ၂၆ ရက်နေ့က စစ်ကောင်စီကခန့်အပ်ထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

Leave a Reply

Your email address will not be published.