ရေဘေးကြုံ ရိုဟင်ဂျာ ဒုက္ခသည်တို့ရဲ့ အခက်အခဲ

By VOA/ 2021 July 30

ရေဘေးဒဏ်ခံနေရတဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ရိုဟင်ဂျာ မိသားစုများ (ဇူလိုင် ၂၈၊ ၂၀၂၁)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မြန်မာပြည်ကတိမ်းရှောင်လာတဲ့ သိန်းချီတဲ့ရိုဟင်ဂျာဒုက္ခသည်တွေ ခိုလှုံနေထိုင်ရာဒုက္ခသည်စခန်းတွေမှာ ရေကြီးမြေပြိုမှုဒဏ် ဆိုးဆိုးရွားရွားခံစားနေရပြီး လူသေဆုံးတဲ့အထိ အသက်အန္တရာယ်နဲ့ကြုံတွေ့နေရတယ်လို့ရင်ဆိုင်နေကြရတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေကပြောပါတယ်။
သဘာဝဘေးဒဏ်ရော ကိုဗစ်ရောဂါကပ်ဘေးဒဏ်နဲ့ပါရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် သူတို့ခိုလှုံနေထိုင်တဲ့တဲကလေးတွေ ခိုင်မာအောင်ဆောက်လုပ်ပေးဖို့နဲ့ ကိုဗစ်ကာကွယ်ဆေး အားလုံးထိုးပေးနိုင်အောင် စီစဉ်ပေးပါလို့လည်း တောင်းဆိုကြပါတယ်။

ဒုက္ခသည်စခန်းတွေထဲက ရေကြီးရေလျှံဖြစ်နေတဲ့အခြေအနေ ကောဇ့်ဘဇားခရိုင် ကုတုပလောင်စခန်းအမှတ်(၇)က ရိုဟင်ဂျာဒုက္ခသည်ဦးအောင်မြိုင်ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

https://www.facebook.com/VoA.Burmese.News/posts/10159324953340170

Leave a Reply

Your email address will not be published.