ရသေ့တောင်တွင် ကိုဗစ်ဖြင့် ပထမဦးဆုံး အမျိုးသမီးတစ်ဦး သေဆုံး

By Western News/ 2021 July 17

ရခိုင်ပြည်နယ် ရသေ့တောင်မြို့ ဆေးရုံတွင် ဇူလိုင် ၁၇ ရက်နေ့ ယနေ့ မနက်ပိုင်းတွင် ပထမဦးဆုံးကိုဗစ်ရောဂါဖြင့်လူနာ တစ်ဦးသေဆုံးခဲ့သည်ဟု မြို့နယ်ကျန်းမာရေးဌာနမှပြောသည်။

သေးဆုံးသွားသည့်လူနာမှာ အသက် ၆၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ရောဂါအခံရှိမရှိ မသိရသေးဟု ဆေးရုံရောက်၍ နာရီပိုင်း အတွင်းသေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရသေ့တောင်မြို့နယ် ဆေးရုံအုပ်ဒေါက်တာ တင်မြင့်ဦး က Western News ကိုပြောသည်။

“သေဆုံးသွာတာဟုတ်ပါတယ်။ ရောဂါအခံရှိမရှိ ကျွန်တော်တို့သေချာမသိရသေးဘူး။ ဆေးရောက်တဲ့အချိန်မှာ အောက်ဆီဂျင်က ၂၅ ရာခိုင်နှုန်းပဲရှိပါတယ်။ အသက် ၆၈ အရွယ်ဆိုတော့ ရောဂါအခံတော့ ရှိနိုင်တယ်။ ဒီနေ့ ၈ နာရီလောက်မှ ဆေးရုံးရောက်ပြီး ဆေးစစ်လိုက်တော့ ကိုဗစ်ရှိပါတယ်။ ကျွန်တော်တို့ အောက်ဆီပေးပြီး ကုသနေတုန်း နာရီပိုင်းလောက်မှာ သေသွားတာပါ”ဟုပြောသည်။

လက်ရှိသေဆုံးသွားသော အမျိုးသမီးမှာ ရသေ့တောင်မြို့နယ် ငတောက်တူကြီးကျေးရွာ မှဖြစ်ပြီး ရသေ့တောင်မြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၁၂ အထိရှိ နေကာ ကိုဗစ်ရောဂါဖြင့် ယခုသေဆုံးမှုသည်ပထမဦးဖြစ်သည်ဟု မြို့နယ် ကျန်းမာရေးဦးစီးဌာနမှပြောသည်။

ရခိုင်တွင် ကိုဗစ်တတိယလှိုင်း ၂ လကျော်အတွင်း ရောဂါပိုးတွေ့ရှိသူများ မြင့်တက်လာနေပြီး ဇူလိုင် ၁၆ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်ချက်အရ အတည်ပြုလူနာ ၁၂၅၅ ဦးထိရှိလာပြီး သေဆုံးသူ ၃၁ ဦးအထိရှိသည်ဟု ပြည်နယ်ကျန်းမာရေး ဦးစီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။

https://www.facebook.com/westernnewsagency/posts/331702808636230

Leave a Reply

Your email address will not be published.