ရသေ့တောင်တွင် ကိုဗစ်ကြောင့် ပထမဆုံးလူနာတစ်ဦးသေဆုံး

By Narinjara/ 2021 July 17

သျှင်မင်းဇံ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် ကိုဗစ်တတိယလှိုင်းအတွင်း ပထမဆုံး ကိုဗစ်လူနာတစ်ဦး သေဆုံးသွားကြောင်း ရသေ့တောင်မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာ တင်မြင့်ဦးက အတည်ပြု ပြောဆိုသည်။

သေဆုံးသွားသူမှာ ရသေ့တောင်မြို့နယ် ငတောက်တူချေအုပ်စု ငတောက်တူကြီးကျေးရွာကအသက် (၆၈ နှစ်) အရွယ်အမျိုးသမီးဖြစ်ပြီး ပန်နာရင်ကြပ်ရောဂါအခံရှိသူဖြစ်သည်။

သူမသည် ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့၊ နံနက်ကရသေ့တောင်ပြည်သူ့ဆေးရုံသို့တက်လာပြီးနောက် ၃ နာရီခန့်အကြာတွင် သေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။

“သူက ဒီကနေ့မနက် ၇ နာရီက ဆေးရုံတက်လာတာ။ ဆေးကုသမှုခံယူနေချိန် ၁၀ နာရီ ၁၀ မိနစ်က သေဆုံးသွာတာပါ” ဟု ဒေါကျတာ တငျမွငျ့ဦးက နိရဉ်စရာသို့ ပြောသည်။

ရသေ့တောင်တစ်မြို့နယ်လုံးတွင် ယမန်နေ့ ဇူလိုင်လ ၁၇ ရက်နေ့ နေလယ်၂ နာရီအထိ ကိုဗစ်လူနာ ၁၂ ဦးရှိသည်ဟုလည်း သိရသည်။

ရခိုင်ပြည်နယ်တွင် ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့ နေလယ် ၁၂ နာရီအထိ ကိုဗစ်အတည်ပြုလူနာ ၁၁၀၀ ကျော် ခန့်ရှိသွားပြီး သေဆုံးသူ ၃၂ ဦး အထိ ရှိသွားပြီဖြစ်သည်။

https://www.facebook.com/narinjara.info/posts/4502175703127805

Leave a Reply

Your email address will not be published.