By Development Media Group (DMG)/ July 19

ရခိုင်ပြည် ရမ်းဗြဲမြို့ကို ဇူလိုင်လ ၂၀ ရက်နေ့ကစ၍ ၂ ပတ်ကြာ မြို့အဝင်အထွက်ပိတ်ထားမည်ဖြစ်ပြီး တစ်ခြားမြို့နယ်မှ လာရောက်သူများကို ဝင်ရောက်ခွင့်ပြုကြောင်း ရမ်းဗြဲ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး ပရဟိတအဖွဲ့မှ ဂိတ်ခေါင်းဆောင် ကိုထွန်းနိုင်က ပြောသည်။
” မနက်ဖြန် ၂၀ ရက်နေ့ကစပြီး ပိတ်ပါမယ်၊ ကျွန်တော်တို့က မြို့နယ်အတွင်းက သူတွေကို မနက် ၆ နာရီ ၁၂ နာရီထိ စားနပ်ရိက္ခာအတွက် စျေးဝယ်တာတွေကို ခွင့်ပြုပေးသွားမယ်၊ ၁၂ နာရီနောက်ပိုင်းဆိုရင် စျေးဆိုင်တွေလည်း အကုန်ပိတ်သွားမယ်၊ မြို့နယ်ခြားက လာမယ့်သူတွေကတော့ လုံးဝ ဝင်လို့မရတော့ပါဘူး၊ ကျွန်နော်တို့ မြို့ကို ၂ ပတ်ကြာ ပိတ်ထားမှာပါ” ဟု ကိုထွန်းနိုင်က ဆိုသည်။
ရမ်းဗြဲမြို့နယ်အတွင်း ကိုဗစ်ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်စည်းကမ်းများအတိုင်း လိုက်နာနေထိုင်စေရန် ရည်ရွယ်ပြီး ယခုလို လုပ်ဆောင်ရခြင်းဖြစ်သည်ဟု သူကဆိုသည်။
ရမ်းဗြဲမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၃၈ ဦးထိရှိကာ ကျန်းမာရေးကောင်းမွန်ပြီး ဆေးရုံမှဆင်းခွင့်ရသူ ၁၁ ဦးရှိပြီဟု သိရသည်။
https://www.facebook.com/dmgnewsagency/posts/2064837173668683