ရခိုင်မြို့နယ် ၅ မြို့နယ်မှ စစ်ဘေးရှောင်စခန်း ၄၀ ခန့်တွင် ရေကြီးမှုဖြစ်နေ

By Western News/ 2021 July 30

ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်နေ့မှစ၍ အမိုးအဆင်မပြတ်ရွာသန်းမှုကြောင့် ရခိုင်ရှိ မြို့နယ် ၅ မြို့နယ်မှ စစ်ဘေး ရှောင်စခန်း ၄၀ ခန့်မှာ ရေကြီးမှုများဖြစ်ပေါ်နေသည်ဟု စစ်ဘေး‌ရှောင်အရေးဆောင်ရွက်ပေးနေသည့် ရခိုင်တိုင်း ရင်းနွယ်များအစည်းအရုံးကပြောသည်။

‌‌မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ မင်းပြား၊ ရသေ့တောင် စသည့် အဆိုပါ မြို့နယ် ၅ မြို့မှာ စစ်ဘေးရှောင်စခန်း ၃၀ နှင့် ၄၀ ကြားခန့်တွင် ‌ရေကြီးမှုဖြစ်ပေါ်နေသည်ဟု ရခိုင်တိုင်းရင်းသားမျိုးယ်များအစည်းအရုံးမှအတွင်းရေး မှူးကိုဇော်ဇော်ထွန်းက Western News သို့ ပြောသည်။

“လက်ရှိတော့ ‌‌မြောက်ဦး၊ မြေပုံ၊ ရသေ့‌တောင်၊ မင်းပြားပြီးတော့ ကျောက်တော် ဒီ ၅ မြို့နယ်က စစ်ဘေး‌‌ရှောင် စခန်း ၃၀ နဲ့ ၄၀ကြားလောက်မှာ ရေကြီးနေပါတယ်။ မြောက်ဦးမှာဆိုရင် စစ်ဘေး‌ရှောင်စခန်း ၁၂ ခုလောက် တောင်ရေကြီးနေတယ်။ မိုးကတအားရွာတော့ ရေက တဖြည်းဖြည်းတက်လာပြီး ရေကြီးတာပါ။ မိုးရွာတာရပ် သွားရင် တော့ ရေကြီးတာလည်း ကျသွားနိုင်ပါတယ်။ မိုးဆက်ပြီး ရွာနေရင်တော့ ရေကဆက်ကြီး နေဦးမှာပါ” ဟုပြောသည်။

ဇူလိုင် ၂၃ ရက်နေ့ကတည်းက ရေကြီးနေသည့် ‌မြောက်ဦးမြို့နယ်မှ ကုလားချောင်းစစ်ဘေး‌‌ရှောင်စခန်းတွင် ဒီရေ တက်မှုနှင့် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးနေသည်မှာ ၁ ပတ်ခန့်ထိရှိနေပြီဖြစ်သော်လည်း ရေကျသွား ခြင်းမရှိသေးကြောင်း စစ်ဘေး‌ရှောင်စခန်းတာဝန်ခံ ဦးမောင်သာကျော်ကပြောသည်။

“ရေမြှပ်နေတာက ၆ရက်ရှိပါပြီ။ တစ်ပတ်ပြည့်ပါတော့မယ်။ ရေက ဒီရေတက်ရင် ပြန်တက်လာတယ်။ ဒီရေကျ သွားရင်တော့ ပြန်ကျသွားပါတယ်။ ပြီးတော့ ပြန်တက်လာပြန်ရော။ ပြီးခဲ့တဲ့ နှစ်ကလည်း ဒီလိုမဖြစ်ခဲ့ပါဘူး။ ဒီ နှစ်မှ ဒီလိုဖြစ်နေတာပါ။ ရေကြီးတော့ ချက်ပြုတ်စားသောက်ရတာပါ အန္တာရာယ်ရှိတယ်။ ရေက ၃ ပေ လောက်ထိ တက်တော့ တဲအိမ်တွေပေါ်မှာချက်ပြုတ်စားသောက်ရတော့ မီးဘေးအန္တရာယ်ပါစိုးရိမ်နေရပါတယ်” ဟုပြောသည်။

ရေကြီးနေသည့်အပြင် လူကယ်ပြင်မှ စားနပ်ရိက္ခာထောက်ပံ့မှု မရသည်မှာ ၁ လကျော်ကြာနေပြီး WFP မှ လည်း ထောက်ပံ့မှု ရပ်တန့်နေသည်မှာ ၂ လခန့် ကြာမြင့်နေပြီဖြစ်သည့်အတွက် စားသောက်ရေးပါအခက်ကြုံနေရ ကြောင်း ၎င်းကဆက်ပြောသည်။

လူဦးရေ ၂၆၀၀ ကျော်ရှိသည့် ပီးပင်ရင်းစစ်ဘေး‌ရှောင် စခန်းတွင်လည်း ချောင်းရေနှင့် မိုးကြီးမှုကြောင့်မြေနိမ့်ပိုင်းမှ အိမ်ထောင်စု ၂၇ စုခန့်မှာ ကြမ်းခြင်းအထိရေတက်လာ၍ အဆိုပါ အိမ်ထောင်စုများကို ဘုန်းတော်ကြီးကျောင်း သို့ခေတ္တပြောင်းရွေ့ထားသည်ဟု စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးအောင်‌ကျော်ကပြောသည်။

မနေ့က ချောင်းရေက တက်လာတယ် ပြီးတော့ မိုးကလည်း တအားရွာတော့ စခန်းရဲ့ မြေနိမ့်ပိုင်းက အိမ်ထောင် စု ၂၇ စုလောက်ကို ဘုန်း‌‌တော်ကြီးကျောင်းကို ပြောင်းရွေ့လိုက်ရပါတယ်။ မိုးသာ ဆက်ကြီးရင်တော့ ရေကဆက် ပြီးတက်လာနိုင်ခြေရှိပါတယ်။ မိုး တန့်သွားရင်တော့ ရေကကျသွားလောက်ပါတယ်” ဟုပြောသည်။

အလားတူ လူဦးရေ ၃၀၀၀ ကျော်ရှိသည့် တိမ်ညိုစစ်ဘေးရှောင်စခန်းတွင်လည်း ယနေ့ နံနက်ပိုင်းက ဒီရေတက် လာ၍ ‌ရေ ၁ပေ‌ကျော် ၂ ပေလောက်ထိတက်သည်ဟု သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးစိုးပိုင်ကပြောသည်။

ရခိုင်ရှိ စစ်ဘေး‌ရှောင်စခန်းများမှ စစ်ဘေးဒုက္ခသည်များမှာ ကိုဗစ်ကာလ စားနပ်ရိက္ခာအကြပ်အတည်းများအပြင် လက်ရှိရေကြီးမှုများပါ ဆက်လက်ရင်ဆိုင်နေကြရသည်။

‌ကျေးရွာအနီး တပ်မတော်စခန်းများရှိနေမှုနှင့် မြေမြှပ်မိုင်းအန္တရာယ်များကြောင့် စစ်ဘေးဒုက္ခသည်များမှာ ၃ နှစ် နီးပါးခန့် ကြာသည့်တိုင် နေရပ်ကိုမပြန်နိုင်ကြသေးပေ။

ရခိုင်ပြည်နယ်တွင် ‌‌မြောက်ပိုင်းမြို့နယ်များဖြစ်သည့် စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့‌တောင် ပုဏ္ဏား ကျွန်း၊ ကျောက်တော်၊ ‌မြောက်ဦး၊ မင်းပြား၊ မြေပုံစသည့် မြို့နယ် တွင် စစ်ဘေး‌ရှောင်စခန်း ၁၀၀ ကျော်ခန့်ရှိ နေသေးပြီး စစ်ဘေးဒုက္ခသည်ဦး ရေမှာလည်း စခန်းတွင်း ၇၀၀၀၀ ကျော်ခန့်ရှိနေသးသည်ဟု ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံးစာရင်းအရသ်ရသည်။

https://www.facebook.com/westernnewsagency/posts/340163924456785

Leave a Reply

Your email address will not be published.