ရခိုင်တွင် ၁ ရက်အတွင်း ကိုဗစ်ဖြင့် သေဆုံးသူ ၁၇ ဦးရှိ၊ ကိုဗစ်တတိယလှိုင်း၌ သေဆုံးသူ ၁၂၀ ထိရှိလာ

By Western News/ 2021 July 27

ရခိုင်တွင် ဇူလိုင် ၂၅ ရက်နေ့မှ ဇူလိုင် ၂၆ ရက်နေ့အထိ ၁ ရက်အတွင်း ကိုဗစ် ၁၉ ရောဂါဖြင့် သေဆုံးသူ ၁၇ ဦးရှိခဲ့ကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှထုတ်ပြန်သည်။

ဇူလိုင် ၂၅ ရက်နေ့ အထိ သေဆုံးသူ ၁၀၃ဦး ရှိခဲ့သည်။ ဇူလိုင် ၂၆ ရက်နေ့ ထုတ်ပြန်ချက်တွင် ကိုဗစ်ဖြင့် သေဆုံးသူ ၁၂၀ ဦး ထိရှိသွားခဲ့ပြီဖြစ်သည်။ ယင်းကြောင့် ၁ ရက်အတွင်း သေဆုံးသူ ၁၇ ဦး ထိရှိခဲ့သည်။

ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်းတွင် သေဆုံးသူ ၃၇ ဦးသာရှိခဲ့သော်လည်း ယခုတတိယလှိုင်း၌ ၂ လခွဲအတွင်း သေဆုံးမှုမှာ ၂ဆ ကျော်ထိမြင့်တက်လာခဲ့ပြီဖြစ်သည်။ယင်းပြင် စစ်တွေ၊ မောင်တော၊ ကျောက်ဖြူ၊ ဂွ အဆိုပါ ၄ မြို့တယ်မှာလည်းပိုးတွေ့လူနာအများဆုံးဖြစ်သည်။

ရခိုင်တွင် မေလ ၁၂ ရက်နေ့မှ ဇူလိုင် ၂၆ ရက်နေ့အထိ ပိုတွေ့လူနာ စုစုပေါင်း ၂၃၄၃ဦးထိရှိလာသည်။ကိုဗစ်ကြောင့် သေဆုံးမှုများပြားလာသလို ပိုးတွေ့လူနာများပြားလာသော်လည်း ရခိုင်ရှိမြို့နယ်အများစု တွင် ကိုဗစ်ရောဂါကာကွယ်မှုမှာ အားနည်းနေဆဲဖြစ်သည်။

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)မှလည်း Stay at homeအဖြစ် ၂ ပတ်သတ်မှတ်ထားသော်လည်း အခြေခံလက် လုပ်လက်စားများမှာ စားဝတ်နေရေးအတွက် အပြင်ထွက်ရှာဖွေနေရဆဲဖြစ်သည်။

လက်ရှိတွင်လည်း ရခိုင်၌ စားသောက်ကုန်ပစ္စည်းများအပါအဝင် ဆေးဝါးနှင့် ကိုဗစ်ကာကွယ်မှုပစ္စည်းများမှာ လည်းစျေးနှုန်းများ မြင့်တက်လျက်ရှိနေသည်။

https://www.facebook.com/westernnewsagency/posts/338257551314089

Leave a Reply

Your email address will not be published.