By Narinjara/ 2021 July 12
ချစ်အိလှိုင်
ရခိုင်တွင် ကျန်းမာရေးဝန်ထမ်း ၁၅ ဦး ကို ကိုဗစ်-၁၉ ကူးစက် ခံထားရကြောင်း ကျန်းမာရေးဌာန၏ စာရင်းအရသိရသည်။
၄င်တို့မှာ မောင်တော ၆ ဦး၊ စစ်တွေမှ ၁ ဦး၊ အမ်း ၄ ဦး၊ ကျောက်တော် ၂ ဦး၊ မြေပုံ ၁ ဦးနှင့် ပေါက်တောမြို့နယ်မှ ၁ ဦးတို့ဖြစ်ကြကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က နိရဥ္စရာသတင်းဌာနအား အတည်ပြုပြောကြားသည်။
“ အားလုံးပေါင်း ၁၅ ယောက်ပေါ့နော်။ အစုံပဲ ကျန်းမာရေးကြီးကြပ် ၁ ရော၊၂ရော။ နောက်ဆရာဝန်ရောအားလုံးပါတယ်။ ကျွန်တော်တို့ ကျန်းမာရေး ဝန်ထမ်းဆိုတာ လုပ်ငန်းသဘောအရ ကူးစက်နိုင်ခြေရှိတယ်” ဟုပြောသည်။
ရခိုင်ပြည်နယ်ကျန်းမာရေးဌာနအနေဖြင့် ဝန်ထမ်းမလုံလောက်သည့် ပြသနာများ မရှိကြောင်း၊ ကိုဗစ်လူနာများနှင့် ထိတွေ့နေရသည့်အတွက် ယခုကဲ့သို့ ကူးစက်မှုအချို့ရှိလာနေခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။
ရခိုင်ပြည်နယ်တွင် ယမန်နေ့ဇူလိုင်လ ၁၁ ရက်နေ့ ညနေပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ ၈၅၃ ဦးအထိရှိပြီဖြစ်ကြောင်း သိရသည်။
https://www.facebook.com/narinjara.info/posts/4488334147845294