By Western News/ 2021 July 29

ရခိုင်ပြည်နယ်တွင် ယခုသီတင်းတစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့ရှိသည့်လူနာမှာ လျော့ကျမှုရှိလာသော်လည်း ကိုဗစ်လူနာသေဆုံးမှုများမှာ ဆက်လက် မြင့်တက်နေဆဲဖြစ်ကြောင်းကို ပြည်နယ်ကျန်းမာရေးဌာနက ထုတ်ပြန်သည်။
ပိုးတွေ့လူနာလျော့ကျမှုရှိသော်လည်း ကိုဗစ်ပိုးကူးစက်ခံရပြီး သေဆုံးသူ လူနာများမှာ ပိုမိုမြင့်တက်လာခဲ့ပြီး ဇူလိုင် ၂၆ ရက်နေ့တွင် ၁၀ ဦး၊ ဇူလိုင် ၂၇ ရက်နေ့တွင် ၈ ဦး နှင့် ယမန်နေ့ ဇူလိုင် ၂၈ တစ်ရက်အတွင်းတွင် သေဆုံးသူ လူနာ ၁၈ ဦးထိရှိခဲ့သည်။
ယခုတစ်ပတ် ဇူလိုင်လ ၂၆ ရက်နေ့တွင် တစ်ရက်အတွင်း ပို့တွေ့ လူနာ ၁၁၀ ဦး၊ ဇူလိုင် ၂၇ တွင် ၉၀ ဦးနှင့် ဇူလိုင် ၂၈ ရက်တွင် ၈၀ ဦးတို့ အသီးသီးလျော့ကျသွားကြောင်း အဆိုပါထုတ်ပြန်ချက်တွင် တွေ့ရှိရသည်။ရခိုင်တွင် ဇူလိုင်လ ၂၈ ရက်နေ့ညနေပိုင်းအထိ စုစုပေါင်း ကိုဗစ်ပိုးတွေ့လူနာ ၂၅၁၃ ဦးဖြစ်ပြီး သေဆုံးသူ ၁၄၆ ဦးထိရှိသည်။
ပိုးကူးစက်ခံရပြီးသေဆုံးမှုအများဆုံး မြို့နယ်များမှာ ကျောက်ဖြူ၊ တောင်ကုတ်၊ မောင်တော၊ စစ်တွေ နှင့် သံတွဲမြို့တို့ဖြစ်ပြီး ၎င်းတို့အထဲတွင် တောင်ကုတ်သည် သေဆုံးသူ ၄၀ ဦးဖြင့် ရခိုင်တွင် ကိုဗစ်ကြောင့်သေဆုံးမှုအများဆုံးမြို့တစ်ခုဖြစ်နေသည်။
ရခိုင်ဒေသအတွင်း ကိုဗစ်ပြန့်ပွားကူးစက်နေသည်မှာ ကာလအားဖြင့် ၂ လကျော်ကြာမြင့်ပြီဖြစ်ပြီး ကူးစက်ခံရနှုန်းမှာ ယခင်ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်းတို့ထက်ပိုမိုများပြားနေပြီး သေဆုံးမှုမှာ သုံးဆ ဝန်းကျင်ခန့်မြင့်တက်လျှက်ရှိကြောင်းတွေ့ရှိရသည်။
https://www.facebook.com/westernnewsagency/posts/339421457864365