By Western News/ 2021 July 15

ရခိုင်ပြည်နယ်တွင် ကိုဗစ် ၁၉ တတိယလှိုင်း၌ ဇူလိုင် ၁၅ ရက်နေ့ ညနေ ၅ နာရီထိ ပိုးတွေ့လူနာ စုစုပေါင်း ၁၂၀၀ နီးပါးနှင့် သေဆုံးသူ ၂၆ ဦးထိရှိလာကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ယနေ့ဇူလိုင် ၁၆ ရက်မနက်ပိုင်းက ထုတ်ပြန်သည်။
ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းစတင်သည့် မေလ ၁၂ ရက်နေ့မှ ဇူလိုင် ၁၅ ရက်နေ့ ညနေ ၅ နာရီထိ ပိုးတွေ့လူနာမှာ ၁၁၅၁ ဦးနှင့် သေဆုံးသူ ၂၆ ဦးထိရှိသည်ဟု ဖော်ပြထားသည်။
ကိုဗစ်ပိုးတွေ့ရှိသူ ၁၁၅၁ ဦးထဲတွင် ဆေးရုံဆင်းခွင့်ရရှိသူ ၅၀၂ ဦးနှင့် ဆေးရုံးအသီးသီးတွင် ဆေးကုသမှုခံယူနေဆဲ ၆၄၉ ဦးရှိနေကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
သေဆုံးသူ ၂၆ ဦး မှာ စစ်တွေတွင် ၅ ဦး၊ မောင်တောတွင် ၅ ဦး၊ သံတွဲ ၄ ဦး၊ တောင်ကုတ် ၈ ဦး၊ ဂွ ၁ ဦးနှင့် ကျောက်ဖြူတွင် ၃ ဦးထိရှိသည်ဟု ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ စာရင်းအရသိရသည်။
လက်ရှိ ကိုဗစ် ၁၉ မှာ ယခင်မျိုးရိုးမှ ဗီဇပြောင်းလဲလာသည့် ဗီဇသစ်ဖြစ်သည့်အတွက် ယခင်ကထက်ပိုပြင်းသော ကြောင့်ကာကွယ်ဆေးထိုးထားသည့်သူများလည်း ကိုဗစ်ကူးစက်မှုများဖြစ်ပေါ်နေသည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ် ၁၉ တတိယလှိုင်း၌ ပိုးတွေ့လူနာများပြားလာပြီး သေဆုံးနှုန်းမှာ ဒုတိယလှိုင်းထက်မြင့် တက်လာနေသည်။ ယင်းကြောင်း ကျန်းမာရေးဦးစီးဌာက လူ ၃၀ ထက်ပို၍ စုဝေးမှုမပြုကြရန်နှင့် အပြင်ထွက် တိုင်း maskကြရန် သတိပေးထုတ်ပြန် ထားသည်။
ကိုဗစ်စည်းကမ်းများကိုမလိုက်နာဘဲ လူစုလူဝေးပြုလုပ်မှုနှင့် maskမတပ်လျှင် ငွေဒဏ်သော်လည်းကောင်း၊ ထောင်ဒဏ် ၇ ရက် သော်လည်းအရေးယူဆောင်ရွက်သွားမည်ဟုလည်း ပြည်နယ်ကောင်စီကပြောဆိုသည်။
https://www.facebook.com/westernnewsagency/posts/331013628705148