By Narinjara/ 2021 July 12
သျှင်မင်းဇံ
ရခိုင်ပြည်နယ်တွင် ကူးစက်မြန်ကိုဗစ်ရောဂါကြောင့် သေဆုံးသူများနှင့် ကူးစက်ခံရသူများလာနေသော်လည်း ပြည်နယ်၏မြို့တော် စစ်တွေမြို့၌ ကိုဗစ်စည်းကမ်းအား လိုက်နာမှုအားနည်းနေသေးသည်ကို ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက တွေ့ရသည်။
ရခိုင်ပြည်နယ်၏မြို့တော်လည်းဖြစ်၊ ပြည်နယ်တွင်း လူနေထူထပ်သောမြို့လည်းဖြစ်သည့် စစ်တွေမြို့မစျေးကြီးတွင် စျေးဝယ်သူများနှင့် စျေးရောင်းချသူများတွင် နှာခေါင်းစည်း (Mask) မတပ်သူများနေသည်ကို တွေ့ရသည်။
စစ်တွေမြို့မစျေးတွင် ဒေသခံများသာကမ အနယ်အရပ်မှ စျေးသည်များလာရောက်တတ်ကြသည့်အတွက် ယခုစျေးမှတဆင့် ကိုဗစ်ကူးစက်မှုဖြစ်ပွားပါက အခြားမြို့နယ်များသို့လည်း အလျင်အမြန်ကူးစက်နိုင်သည်ဟု ဒေသခံများက ပြောကြသည်။
လက်ရှိတွင် ကိုဗစ်တတိယလှိုင်းအတွင်း စစ်တွေမြို့၌ ကိုဗစ်အတည်ပြုလူနာ ၁၈၂ ဦးနှင့် သေဆုံးသူ ၃ ရှိပြီး တစ်ပြည်လုံးအတိုင်းအတာအားဖြင့် ဒုတိယကူးစက်မှုအများဆုံးမြို့ဖြစ်သည်။
ရခိုင်တစ်ပြည်လုံးတွင် ကိ်ုဗစ်တတိယလှိုင်းအတွင်း ပြီးခဲ့သည့်မေလ ၁၂ ရက်နေ့မှ ဇူလိုင် ၁၂ ရက်နေ့ နံနက်ပိုင်းအထိ ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့် စစ်တွေတွင် (၃) ဦး၊ မောင်တောတွင် (၅) ဦး၊ တောင်ကုတ်တွင် (၂) ဦး၊ ကျောက်ဖြူ (၁) ဦးနှင့်သံတွဲတွင် (၃) ဦး၊ စုစုပေါင်း (၁၄) ဦး သေဆုံးသွားခဲ့ပြီးဖြစ်ကာ လူပေါင်း (၇၉၀) ကျော် ကူးစက်ခံထားရပြီဟု ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားသည်။
https://www.facebook.com/narinjara.info/posts/4488119537866755