By Western News/ 2021 July 27

ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်နေ့က စတင်ကာအောက်ဆီဂျင်စတင်ထုတ်လုပ်နေသည့် မြောက်ဦးမြို့ရှိ နန်းရိပ်ကရု ဏာအောက်ဆီဂျင် စက်ရုံမှ တစ်ခြားမြို့နယ်များကို အောက်ဆီဂျင်ဝေပေးမှုကို အချိန်အတိုင်းအတာတစ်ခုထိရပ် တန့်လိုက်သည်ဟု တာဝန်ရှိသူများက ပြောသည်။
အဆိုပါအောက်ဆီဂျင်စက်ရုံမှာ တစ်နေ့လျှင် ၄၀ လီတာဆန့် အောက်ဆီဂျင်အိုး အလုံး ၄၀ ထွက်ပြီး ကျောက်တော်၊ စစ်တွ၊ မြေပုံ၊ ပေါက်တော၊ တောင်ကုတ်၊ မာန်အောင် စသည့်မြို့နယ်များကိုလည်း ကူညီဝေပေးခဲ့သည်ဟု တာဝန်ရှိ သူများကပြောသည်။
ယခုအခါ မြောက်ဦးမြို့၌ အောက်ဆီဂျင်လိုအပ်မှုများပြားလာသည့်အတွက် အဆိုပါမြို့နယ်များကို ဝေပေးမှုကိုအ ချိန်အတိုင်း အတာတစ်ခုအထိ ခေတ္တရပ်ဆိုင်းလိုက်ရခြင်းဖြစ်သည်ဟု နန်းရိပ်ကရုဏာ အောက်ဆီဂျင်စက်ရုံ ဘဏ္ဍာ ရေးမှူး ဦးသန်းထွန်းက Western News ကိုပြောသည်။
“ကျွန်တော်တို့ မြောက်ဦးမြို့မှာ အောက်ဆီဂျင်လိုအပ်မှုက များလာပါတယ်။ တစ်နေ့ကို အလုံး ၄၀ ထွက်တာတောင် ကိုယ့်တစ်မြို့နယ်တည်းအတွက်တောင်အဆင်မပြေဘူးဖြစ်နေပါတယ်။ အောက်ဆီဂျင် ရှူတဲ့သူများလာ တာ့ကျွန်တော်တို့က ဆရာတော်ကြီးနဲ့တိုင်ပင်ပြီး တစ်ခြားမြို့နယ်တွေကို ဝေပေးတာကို အချိန်အတိုင်းအတာ တစ်ခုထိခေတ္တရပ်လိုက်တာပါ။ ကိုဗစ်လူနာတွေမဟုတ်ပဲ တစ်ခြားရောဂါတွေနဲ့ အောက်ဆီဂျင်ရှူနေရတာတွေ တော်တော်များနေပါတယ်” ဟုပြောသည်။
မြောက်ဦးမြို့တွင် အောက်ဆီဂျင်စက်ရုံရှိသည့်အတွက် တစ်ခြားမြို့နယ်များမှာ အောက်ဆီဂျင်ပေးရသည့် လူနာ များမှာလည်း များပြားလာနေပြီး အောက်ဆီဂျင်လိုအပ်မှု ပြန်လည် အဆင်ပြေသွားသည့်အခါ အောက်ဆီဂျင် ဝေပေးမှုကို ပြန်လည်လုပ်ဆောင် သွားမည်ဟု ၎င်းကဆက်ပြောသည်။
ယင်းပြင်လျှပ်စစ် မီးပြတ်တောက်သည့်အခါ အောက်ဆီဂျင်စက်ရုံမှာလည်း မလည်ပတ်နိုင်တော့သဖြင့် အောက် ဆီဂျင်လိုအပ်မှုကို ရရှိစေနိုင်ဖို့အတွက် မီးစက်တစ်လုံးလည်းလိုအပ်နေသည်ဟု ဦးသန်းထွန်းကပြောသည်။
ရခိုင်ရှိ မြို့နယ်အားရုံးတွင် ကိုဗစ် ၁၉ ကူးစက်မှုမှာ တစ်ဖြည်းဖြည်းများလာသည့်အတွက် အောက်ဆီဂျင်လို အပ်မှုမှာလည်း များပြားလာနေသည်။ အောက်ဆီဂျင်လုံလောက်မှုမရှိသည့်အတွက် အသက်သေဆုံးသွားရသည့် ကိုဗစ်လူနာများလည်းရှိနေသည်။
မြို့နယ်တိုင်းတွင်လည်း အောက်ဆီဂျင်လိုအပ်မှုကို ဖြည့်စည်းနိုင်ရေးအတွက်သက်ဆိုင်ရာမြို့နယ်အလိုက် အဖွဲ့အစည်းများက ဦးဆောင်၍ ကိုယ်ထူကိုယ်ထ အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရေးအတွက်ကြိုးပမ်းလျက်ရှိနေကြသည်။
https://www.facebook.com/westernnewsagency/posts/338176714655506