မြောက်ဦးတွင် ကိုဗစ်ကြောင့် ပထမဆုံး သေဆုံးသူရှိလာ

By Narinjara/ 2021 July 15

သျှင်မင်းဇံ

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ကိုဗစ်တတိယလှိုင်းအတွင်း ပထမဆုံး ကိုဗစ်လူနာတစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ မြောက်ဦးမြို့ မြင်းစိုင်းပြင်ရပ်ကွက်နေ အသက် (၅၂ နှစ်)အရွယ်အမျိုးသမီးဖြစ်ပြီး ဆီးချိုနှင့်သွေးတိုးရောဂါအခံရှိသူဖြစ်သည်။

သူမသည် ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့၊ နံနက်က မြောက်ဦးပြည်သူ့ဆေးရုံသို့တက်လာပြီးနောက် ၄ နာရီခန့်အကြာတွင် သေဆုံးသွားခြင်းဖြစ်သည်ဟု သည်။

“သူက ဒီကနေ့မနက် ၉ နာရီက ဆေးရုံတက်လာတာ။ ဆေးကုသမှုခံယူနေချိန် နေ့လယ် ၁ နာရီလောက်မှာဆုံးသွားတာပါ။” ဟု မြောက်ဦးခရိုင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာခင်မောင်သန်းက နိရဥ္စရာသို့ အတည်ပြုပြောသည်။

မြောက်ဦးတစ်မြို့နယ်လုံးတွင် ယမန်နေ့ ဇူလိုင်လ ၁၄ ရက်နေ့အထိ ကိုဗစ်လူနာ ၁၂ ဦးရှိပြီး ယင်းအနက် ဆေးရုံတွင် အောက်ဆီဂျင်ပေးထားရသူ ၂ ဦးရှိသည်ဟုလည်း သိရသည်။

ရခိုင်တွင် ယနေ့ ညနေ ၄ နာရီအထိ စစ်တွေတွင် ၂ ဦး၊ တောင်ကုတ်တွင် ၂ ဦးနှင့် မြောက်ဦးတွင် ၁ ဦးတို့ ကိုဗစ်ရောဂါကြောင့် သေဆုံးသွားသည်။

https://www.facebook.com/narinjara.info/posts/4496837293661646

Leave a Reply

Your email address will not be published.