မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ ဇူလိုင် ၉ ရက်မှစ၍ ၁၅ ရက်ကြာ ယာယီပိတ်မည်

By Narinjara/ 2021 July 8

မာန်ယုကျော် (ရွှေဝမြေ)

မြန်မာတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများအားလုံး(ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအပါအဝင်)ကို ၁၅ ရက်ကြာ ယာယီပိတ်မည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ညတွင် ထုတ်ပြန်ကြေညာလိုက်သည်။

အဆိုပါကျောင်းများအား ဇူလိုင်လ ၉ ရက်မှ ဇူလိုင်လ ၂၃ ရက်နေ့အထိ ယာယီပိတ်ထားမည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယနေ့ ဇူလိုင်လ ၈ ရက်နေ့ ည ၁ဝ နာရီခွဲတွင်ထုတ်ပြန်လိုက်သည့်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂ဝ၂၁ ခုနှစ်၊ မေလတတိယပတ်မှစ၍ မြန်မာနိုင်ငံအတွင်း မျိုးရိုးဗီဇပြောင်းလဲလာသော COVID-19 ရောဂါပိုး ကူးစက်ပျံ့နှံ့မှုရှိနေကြောင်း ဓာတ်ခွဲစမ်းသပ် အတည်ပြုချက်များအရ သိရှိရသောကြောင့် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို အချိန်မီထိန်းချုပ်ကာကွယ်၊ တားဆီးနိုင်ရေးအတွက် ယခုကဲ့သို့ ယာယီပိတ်ထားမည်ဟု အဆိုပါကြေညာချက်တွင်ဖော်ပြထားသည်။

လက်ရှိရခိုင်ပြည်နယ်တွင်လည်း ကိုဗစ်ကူးစက်မှုနှုန်းမြင့်မားလျက်ရှိပြီး ဇူလိုင်လ ၇ ရက်နေ့အထိ ကျောင်းသူ၊ ကျောင်းသား ၁၃ ဦး၊ ဆရာ၊ ဆရာမ ၈ ဦးနှင့် ပညာရေးရုံးဝန်ထမ်း ၁ ဦးတို့တွင် ကိုဗစ်ရောဂါကူးစက်ခံထားရသည်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

https://www.facebook.com/narinjara.info/posts/4477823835562992

Leave a Reply

Your email address will not be published.